ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စနေနေ့နံနက်အစောပိုင်းက လက်လုပ်မိုင်းသုံးလုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း သုံးလုံးရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပေါက်ကွဲချိန်တွေကတော့ နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်ကနေ စတင်ပေါက်ကွဲခဲ့ပြီး ၁မိနစ်ခြား တစ်လုံးစီပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ပြည်နယ် တရားရုံးရှေ့ လျှပ်စစ်ထရန်စဖော်မာအနီး၊ ပြည်တော်သာရပ်ကွက် ပြည်တော်သာလမ်းမကြီးရှိ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အနောက် ဘက် ခြံစည်းရိုးအတွင်း နှင့် ပြည်နယ်မြေစာရင်းရုံး ခြံစည်းရိုးအပြင်ဘက်တွင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပြည်နယ် တရားရုံးရှေ့ လျှပ်စစ်ထရန်စဖော်မာပါက်ကွဲ ခဲ့ပြီး ထရန်စဖော်မာကို ထိမှန်ကာ လျှပ်စစ်မီး တစ်နာရီ ကျော် ပြတ်တောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား တစ်ဦးရဲ့ ယာဘက်နားထင်ကို လွင့်စင်လာတဲ့ မှန်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် MARK IIယာဉ်နှစ်စီး လေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်ကို မိုင်းစများ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖောက်ခွဲဖျက်ဆီးသူ တရားခံ များအား ဖမ်းဆီးရမိရေး စစ်တွေမြို့မစခန်း၌ (ပ)၂၆၊ ၂၇၊ ၂၈/၂ဝ၁၈၊ ပေါက်ကွဲအက်ပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိပြီး သံသယရှိသူများကို စိစစ်ဖော်ထုတ်လျက်ရှိနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။