ကရင်ပြည်နယ်သံဃနာယကအဖွဲ့၊ မြဝတီမြို့နယ်သံဃနာယကအဖွဲ့နှင့် ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်းတို့မှ ဆရာတော်ကြီးများ ကြီးမှူး၍ ကျင်းပပြုလုပ်တဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးအတွက် သံဃာအပါး ၃၀၀၀ တို့အားဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါတယ်။ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးထူးလွင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မြန်မာနှင့်ထိုင်းသံဃာအပါး ၃၀၀၀ တို့အား မြန်မာ-ထိုင်းနှစ်နိုင်ငံပြည်သူများကဆွမ်းဆန်တော်များနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများစည်ကားသိုက်မြိုက်စွာလောင်းလှူခဲ့တယ်လို့လည်း သိရပါတယ်။

သာသနာပွဲကျင်းပရတဲ့အဓိကအကြောင်းအရင်းကတော့ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခြင်းကြောင့် နှစ်နိုင်ငံသံဃာများနှင့်ပြည်သူများချစ်ကြည်ရင်းနှီးမှုများတိုးပွားခြင်း၊ နှစ်နိုင်ငံသာသနာရေး၊ ဘာသာရေ၊ လူမှုရေးဆိုင်ရာများတိုးတက်မှုမှသည် ခရီးသွားလာရေး၊ ကုန်သွယ်ရေးအထိပါ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။