မိုးကောင်းမြို့မှာ ယမန်နေ့က မိန်းကလေးတစ်ဦးသတ်ဖြတ်ခံရမှုဖြစ်ခဲ့ပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေးကတော့ အသက်(၁၂)နှစ်အရွယ်သာရှိသေးတဲ့ လေးတန်းကျောင်းသူလေး မမိုးမိုးအေး ဖြစ်ပါတယ်။ သတ်ဖြတ်မခံရခင်မှာ အနိုင်ကျင့်စော်ကားခံရမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

လေးတန်းကျောင်းသူလေး မမိုးမိုးအေးဟာ တောထဲသို့ ထင်းခွေသွားရင်း ရေဆာ၍ လယ်တဲသို့ ရေသွားသောက်စဉ် ပြန်မလာ၍ လိုက်ရှာသောအခါ သေဆုံးနေကြောင်း မောင်ဖြစ်သူမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးဒဏ်ရာတွေကတော့ လယ်ပင်းပြတ်ရှ၊ ညာဖက်ခါး၊ ဝိုက်းဗိုက်၊ ရင်ညွန့်၊ နောက်ကျော၊ လက်၊ ပေါင် များတွင် ထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာလူသတ် မှုကျူးလွန်ခံခဲ့ရတာဖြစ်ပါတယ်။

မမိုးမိုးအေးရဲ့ အလောင်းဘေးမှာ ဝတ်ဆင်ခဲ့တဲ့ အစိမ်းရောင်ဘောင်းဘီရှည်ကို ချွတ်လျက်တွေ့ရှိရတာကြောင့် သမီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်သွားသူကို အရေးယူပေး ဖို့ သေဆုံးသူကျောင်းရဲ့ဖခင်ဖြစ်သူက မိုးကောင်း ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ “ကျမတို့ကတော့ မုဒိမ်းကျင့်ပြီးသတ်သွားတယ်လို့ပဲ ယူဆပါတယ်။ ဆေးစာထွက်လာမှ သေသေချာချာ သိရမှာ”လို့ ဒေသခံတဦး ပြောကြားချက်အရသိရပါတယ်။

လက်ရှိမှာတော့ မမိုးမိုးအေးအသတ်ခံရမှုကို မိုးကောင်းမြို့မရဲစခန်းမှ အမှုစစ်ဒုရဲမှူး မျိုးညွန့်က (ပ)၄၈/၂၀၁၈ အမှုကြီးအမှတ်စဉ် ၅/၁၈ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို စုံစမ်းနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။