မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာရှိတဲ့ တောင်သမန်အင်းနှင့် ဦးပိန်တံတား ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် Clean Mandalay Campaignမှ ဦးဆောင်ကာ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ Trash Hero (MDY)အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်း များနှင့်စိတ်ဝင်စားသူများ စုပေါင်း၍ အမှိုက်ကောက်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပါတယ်

မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့အလှပနေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်လို့နေပါတယ်။ ''ဦးပိန်တံတားပတ်ဝန်းကျင်မှာ အမှိုက်တွေ စည်းကမ်းမရှိ စွန့်ပစ် ထားတော့ ကမ္ဘာလှည့်ခရီးသွားတွေ မြင်သွားရင် မကောင်းဘူး၊ မြန်မာ့ပုံရိပ် မကျဆင်းအောင် အဖွဲ့စုံ စုစည်းပြီး လုပ်ကြတာပါ၊ နောက်ပိုင်းမှာ အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဦးပိန် တံတားသာမကဘဲ အခြား ခရီးသွား နယ်မြေတွေမှာ ဆက်လုပ်သွားမယ်၊ ဦးပိန်တံတားမှာ အရင်အဖွဲ့တွေကလည်း အမှိုက်ကောက်တာ လုပ်ကြပါတယ်'' လို့ ပါဝင်ဆောင်ရွက်သူတစ်ဦး ပြောကြားချက်အရသိရပါတယ်။ 

တောင်သမန်နှင့် ဦးပိန်တံတားဟာ Tourism Site ဖြစ်တဲ့အတွက် နိုင်ငံခြား ခရီးသွားများ လာရောက်မှုများပြားပါတယ်။ အဆိုပါနေရာသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများဟာ ခရီးသွားလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း ခရီးသွားများစတဲ့ အလွှာ ပေါင်းစုံပါဝင်တာကြောင့် နိုင်ငံပုံရိပ် မကျဆင်းစေရန်အတွက် ဒေသခံများ နှင့် ပြည်တွင်း ဧည့်သည်များကလည်း စည်းကမ်းရှိရှိနဲ့ နိုင်ငံအကျိုး နိုင်ငံဂုဏ်ကိုဝိုင်းဝန်းမြင့်တင်ပေးကြပါနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။