မြန်မာလူငယ်များစွာဟာ မွေးရပ်မြေမှထွက်ခွာကာ တိုင်းတစ်ပါးမှာအလုပ်သွားရောက်လုပ်ကိုင်နေကြပါတယ်။ တိုင်းတစ်ပါးမှာ ရှာဖွေစားသောက်လုပ်ကိုင်နေတဲ့ မြန်မာအချင်းချင်းမှာတောင် ရိုင်းပင်းကူညီမှုမရှိဘဲ ခိုးဝှက်မှုတွေရှိနေပါတယ်။ ဒီနေ့မှာတော့ မြန်မာအလုပ်သမားတွေရဲ့ရွှေငွေပစ္စည်းများကိုအခန်းဖောက်လိုက်ခိုးနေသော မြန်မာသူခိုးနှစ်ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။  

ခိုးဝှက်ခဲ့သူ မြန်မာနှစ်ဦးမှာ သီဟမျိုး အသက် (၂၂)နှစ် နှင့် အောင်မျိုးမင်း အသက် (၂၀) နှစ်တို့ဖြစ်ကြပါတယ်။ ၎င်းနှစ်ဦးမှာ ကော့ဝမ်းရွာ ကျိုက္မရောမြို့နယ် မွန်ပြည်နယ်မှ လာရောက်ကြသူများဖြစ်ကြပြီး လက်ရှိ ထိုင်းနိင်ငံ စာမွတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေ ကော့စမွေ့ရပ်ကွက် မှာ နေထိုင်ကာ အလုပ်လုပ်ကိုင်ခြင်း မရှိပဲ လူရှင်းသောမြန်မာအလုပ်သမားများ နေထိုင်ရာ အခန်းများအား အခန်းပိုင်ရှင်များ အလုပ်သွားချိန်များတွင်

အခန်းဖောက် ရွှေငွေပစ္စည်းများကို လှည့်လည်ခိုးယူနေတာ နှစ်နှစ်ကျော်ခန့်ရှိနေပြီးလို့လည်း သိရပါတယ်။

ပြည်ပ မှာ မြန်မာအချင်းချင်းခိုးနေသော မြန်မာလူမျိုးဖောက်ထွင်းသူခိုးနှစ်ဦးအား AAC အဖွဲ့နှင့် စေတနာ့ဝန်ထမ်းလူငယ်မျာက ဝိုင်းဝန်းစုံစမ်းဖော်ထုတ်ပြီး ထိုင်းအာဏာပိုင်များလက်ထဲ အပ်ပေးပြီး ထိုင်းဥပဒေအတိုင်းအပြစ်ပေးနိင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းတစ်ပါးမှာလူမျိုးအချင်းချင်းယခုလို စည်းလုံးမှုပျက်ပြားနေတာဟာ တကယ်ကိုစိတ်မကောင်းစရာပါဘဲ ပရိတ်သတ်ကြီးတို့ရယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။