ပြည်မြို့တွင် သက်ငယ် မုဒိမ်းကျူးလွန်သူများကို မသေ မချင်းကြိုးမိန့် သေဒဏ်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှု ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ သက်ငယ်မုဒိမ်းကျူးလွန်မှုများ မြင့်တက်လာခြင်းကြောင့် ကျူး လွန်သူများကို ထိရောက်သော ပြစ်ဒဏ်ချမှတ်ပေးခြင်းဖြင့် သက် ငယ်မုဒိမ်းကျူးလွန်မှု ပပျောက် စေရန် ရည်ရွယ်လှုပ်ရှားခြင်းဖြစ်တယ်လို့ သိရပါတယ်။

‘‘သက်ငယ်မုဒိမ်းကျူးလွန် သူတွေကို ပြည်သူလူထုက ဘယ် လောက်အထိ ရွံရှာမုန်းတီးနေ တယ်ဆိုတာကို သိစေချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က ပညာရေး အားနည်းမှုကြောင့် အခုအခါမှာ တွေးတောဆင်ခြင် တုံတရားတွေ နည်းပါးပြီး မကောင်းမှုတွေအဖြစ် များလာတာပါ။ သက်ငယ်မုဒိမ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါဘူး’’ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးပြောကြားချက်အရသိရပါတယ်။

သက်ငယ်မုဒိမ်းမှုများအဖြစ် များလာခြင်းကြောင့် အစိုးရအ ပေါ် ဖိအားပေးဆောင်ရွက်နေ သည့်အဖွဲ့အစည်းများ ရှိနေသော်လည်း ယခုလှုပ်ရှားမှုသည် လက်ရှိအစိုးရအပေါ် ဖိအားပေးခြင်းမဟုတ်ဘဲ နေ့စားမပါသည့် ပြည်သူစစ်စစ်များ၏ ရင်ထဲမှဆန္ဒ အမှန်ကိုသိရှိ စေရန်သာ ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ထို့အပြင် သက်ငယ်မုဒိမ်း ကျူးလွန်မှု ပပျောက်စေရန် လက် ကမ်းစာစောင်များဝေငှပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်တယ်လို့ ဆန္ဒပြသူများပြြောကားချက်အရ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။