လက်ရှိအချိန်အခါဟာ တပေါင်းလထဲဝင်ရောက်နေပြီဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်ရောက်ရှိတော့မယ့် အချိန်ဖြစ်တဲ့အတွက် နောက်ဆုံးလဖြစ်တဲ့ တပေါင်းလမှာတော့ ကမ်းခြေကမ်းစပ်တွေမှာ သဲပုံစေတီပွဲတော်ကျင်းပတာဟာ မြန်မာတို့ရဲ့ရိုးရာအစဉ်လာတစ်ခုဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကျောင်းဖတ်စာအုပ်ထဲမှ ၁၂လရာသီပွဲတော်များဆိုပြီး သင်ကြားခဲ့ရတဲ့အထဲ "တပေါင်းလ သဲပုံစေတီပွဲ"ဆိုပြီးတော့ ငယ်စဉ်ကနေသင်ကြားသိမှတ်ခဲ့ရပါတယ်။

ဒီနှစ်တစ်ပေါင်းလမှာလည်း ရခိုင်ပြည်နယ်၊ သံတွဲ ငပလီကမ်းခြေ၌ ၂၀၁၈ ခု နှစ် မတ်လ ၁ ရက်နေ့တွင် ကျရောက်မယ့် တပေါင်းလပြည့်နေ့မှာ ဒုတိယအကြိမ်မြောက် သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီပွဲ) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သတင်းရရှိပါတယ်။ “ရခိုင်ရိုးရာယဉ်မှုကို ဆက်လက်ထိန်းသမ်းမယ်၊ ဖော်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်”လို့လည်း ဦးဆောင်စီစဉ်သူများပြောကြားချက်အရသိရပါတယ်။

သဲပုံစေတီပွဲကို သံတွဲမြို့ အောင်မြေသာစည် ဆရာတော် အရှင်ကုသလ၏လမ်းညွှန်ချက်ဖြင့် ဒွါရာဝတီလူငယ်များက ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကျင်းပကြမှာဖြစ်ပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ်သျှစ်သောင်းမြှောက်ပွဲကလည်း သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ရဲ့ ကူညီဆောင်ရွက်မှုြတွေကြောင့် လုပ်ဆောင်ခဲ့ရာ အလွန်စည်ကားခဲ့တယ်လို့ သိရပါတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းကျင်းပနိုင်ခြင်းဟာ တကယ်ကိုဂုဏ်ယူစရာ အစဉ်အလာလေးတစ်ခုပါဘဲ။

SOURCE - MYANMAALINN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။