၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နေ့လည်အချိန်ခန့်U ကရင်ပြည်နယ် မြဝတီမြို့ မြဝတီရဲစခန်း မြောက်ဘက်တွင် ကာရံထားတဲ့ အုတ်နံရံအား ပရိုဘောက်ယာဉ် (၁) စီးမှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ကာရံထားတဲ့ အုတ်တံတိုင်းမှာ (၂၀) ပေ (၁) ချပ်ပြိုကျ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

အုတ်တံတိုင်းမှာ ပြိုကျ ပျက်စီးနေပြီး နံပါတ်တပ် ပရိုဘောက်အဖြူရောင်ယာဉ်အား အဆိုပါအနီးတွင်တွေ့ရှိရ၍ မေးမြန်းရာ ယာဉ်မောင်းက ရဲစခန်းအနီးမြောက်ဘက် ကားဝပ်ရှော့တွင် ယာဉ်အားပြုပြင်ပြီးနောက် ယာဉ်အား နောက်ဆုတ်ရာတွင် အရှိန်မထိန်းနိုင်ပဲ အုတ်နံရံအား ဝင်ရောက်တိုက်မိပြီး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အုတ်နံရံအားဝင်ရောက်တိုက်ခဲ့တဲ့ ယာဉ်အားသက်သေများရှေ့တွင် စစ်ဆေးရှာဖွေရာ ယာဉ်ဂီယာတံဘေးတွင် police စာတမ်းပါ အနက်ရောင် ဂျိုင်းစလွယ်သေနတ်အိတ်(၁)ခုအတွင်း ထည့်ထားတဲ့ (၉) လုံးကျည်ဖြင့် ပစ်ခတ်ရတဲ့ တစ်တောင့်ထိုး လုပ်သေနတ်အတို(၁)လက်၊ (၉).လုံးကျည်ဆံ(၅)တောင့်၊ MANBALL AUTO စာတမ်းပါ အနက်ရောင်ဗူး(၁)ဗူး တို့အား ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးရတဲ့ လက်နက်များကို ရဲအုပ်အောင်ချမ်းမွန်မှ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ တရားမဝင် လက်နက် ခဲယမ်းကိုင်ဆောင်သူ ယာဉ်မောင်းစောအေးလွင်သိန်း (၄၃)နှစ်အား မြဝတီမြို့မ ရဲစခန်းတွင် ရဲအုပ်အောင်ချမ်းမွန်မှ တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

SOURCE- MYANMAALINN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။