ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ၊ မွန်းလွဲ(၁၂)နာရီခန့်အချိန်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အဝင် နမ့်ခွမ် ကျေးရွာ ကားလမ်းမကြီးဘေးတွင် မိုင်းဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မိုင်းဗုံးကတော့ ဆိုင်ကယ်ဘတ္တရီနဲ့ တွဲဆက်ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင်မှာ ကပ် လျက်ချည်နှောင်ထားတာပဲ ဖြစ်ပါတယ်။၎င်းမိုင်းဗုံးတစ်လုံး ထပ်မံတွေ့ရှိတယ်လို့ သတင်းရရှိတာကြောင့် မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့် တပ်မ (၈၈)မှ မိုင်းရှင်းလင်းရေး တပ်သားများက သွားရောက်စစ်ဆေးခဲ့တာပဲ ဖြစ်ပါ တယ်။ 

အဆိုပါ မိုင်းဗုံးကိုတော့ တပ်မ ၈၈မှ မိုင်းရှင်းလင်းရေး တပ်သားများက အချိန်မှီသွားရောက်စစ်ဆေး ဖြုတ်နိုင် ခဲ့တာကြောင့် မူဆယ်မြို့မှ မိဘပြည်သူများ ထိခိုက်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ဖေဖော်ဝါရီလ(၂၅)ရက်နေ့ မနေ့ ကလည်း မူဆယ်မြို့နယ်၊ ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်၊ မိုင်းယုကျေးရွာ၊ ကမ္ဘောဇသိင်္ဂ ီသီလရှင်ကျောင်းတိုက် အနီးရှိ နေအိမ်တဲရဲ့ တစက်မိတ်နားတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။အဆို ပါပေါက်ကွဲမှုတွင်လည်း အများပြည်သူများ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ပဲ ကာလတန်ဖိုးငွေကျပ် တစ်သောင်းခန့်သာ ဆုံးရှုံးမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ 

၎င်းပြစ်မှုကျူးလွန်သူများကတော့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပဲ ရဲတပ်ဖွဲ့မှ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိ တယ်လို့သိရပါတယ်။ရက်ပိုင်းအတွင်းဆက်တိုက်ဆိုသလို မိုင်းပေါက်ကွဲမှုများနဲ့ မိုင်းဗုံးတွေ့ရှိမှုများ မကြာခဏဆိုသလို တွေ့ရှိနေရတာကြောင့် မူဆယ်မြို့မှ မိဘပြည်သူများနဲ့ ခရီးသွား ပြည်သူများအနေနဲ့ ကြောက်ရွံထိတ်လန့်မှုတွေ ရှိနေတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - U Htun Ko Ko’ Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။