ဖော်ဝါရီလ (၂၄)ရက်နေ့ ည(၁၀) နာရီ အချိန်ခန့်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာဘိုးလေး ကုန်းဟုခေါ်ဆိုတဲ့ နေရာတွင် မြစ်ကမ်းပါးပြိုကျမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကမ်းပါးမပြိုခင်အချိန်တွင် မရမ်းချောင်းကျေးရွာသို့ ကမ်းထိန်းဘိုးပိုင်တူးရန် အလုပ်သမား (၂၅)ဦး ရောက်ရှိနေခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။ထိုပြင် ညောင်ပင်နှင့်အလုပ်သမားတန်းလျားတစ်ခု အလုပ်သမားတဲနှစ်လုံး 22ကောင်၊ အင်ဂျင်နှစ်လုံး၊ သံပိုက်လုံးအရှည်ရှစ်လုံး ဆီပေပါတစ်လုံး၊ RCသံချောင်း အချောင်းတစ်ရာခန့် တစ်ပြိုင်တည်းပါသွားခဲ့ပြီး ရေအနက်ပေ ၁၀၀ ခန့့်အောက်သို့ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ကမ်းပါးပြိုကျမှုအတွင်း ပျောက်ဆုံးနေသူကတော့ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ အမှတ်(၉၀) သစ်စက်ဝန်းနေသူ ကိုနေဇော်ဦး ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မဖြစ်ပွားခင်အတွင်းမှာတော့ ကိုနေဇော်ဦးကို တဲအနီးတွင ်ဖုန်းထိုင်ပြောနေသည်ကို တွေ့ရှိခဲ့တယ်လို့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုမျိုးမြင့်လွင်ကပြောပါ တယ်။ ကိုမျိုးမြင့်လွင်ဆိုသူဟာ အလုပ်ပင်ပန်းလို့ အိပ်ယာဝင်ခဲ့ပြီး မနက်အလုပ်လုပ်ရန် လူစစ်တဲ့အခါမှ ကိုနေဇော်ဦး ပျောက်ဆုံးနေတာကို သိရှိခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အနီးအနား ပတ်ဝန်းကျင်တွင်လိုက်လံရှာဖွေသော်လည်း မတွေ့ရှိသောကြောင့် ရဲစခန်းသို့ကူညီစုံစမ်းရှာဖွေပေးပါရန် သွားရောက်တိုင်တန်းခဲ့တာဖြစ်တယ်လို့ ဓနုဖြူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရန်နိုင်ထွန်း ကပြောပါတယ်။လက်ရှိမှာတော့ ပျောက်ဆုံးသူသွားလာတက်သောနေရာများနှင့် ပျောက်ဆုံးသူ ဓာတ်ပုံနှင့်တကွ ရှာဖွေစုံစမ်းမှုပြုလုပ်လျက်ရှိတယ်လို့ ၎င်းကပြောပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။