ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ ဒီနေ့မနက်ပိုင်းအချိန်၊ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဒ/၁၇ ရပ်ကွက် အပိုင်း(၄) ဂျေလန်းမြန်မာ အထည်ချုပ်စက်ရုံတွင် ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုယ့်ကိုယ်ကို သေကြောင်းကြံစဉ် မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါသေကြောင်းကြံစဉ်ခဲ့တဲ့ အမျိုးသမီးကတော့ မထက်ထက်ခိုင် (၂၁)နှစ် ဆိုသူဖြစ်ပြီး ၎င်းအထည်ချုပ်စက်ရုံတွင် အထည်ချုပ်လုပ်သားတစ်ဦးအဖြစ်အလုပ်လုပ်ကိုင်တယ် လို့သိရပါတယ်။ဖြစ်စဉ်မှာတော့ မထက်ထက်ခိုင်ဟာ အလုပ်အချိန်းအတွင်း စက်ရုံအိမ်သာထဲတွင် မိမိကိုကိုယ် ဓားဖြင့်လည်ပင်းအားလှီးခြင်း ဘယ်ညာ လက်ကောက်ဝတ် နှစ်ဖက်အား ဓားဖြင့်လှီးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစဉ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ မထက်ထက်ခိုင် သေကြောင်းကြံစည်ပြီးချိန် အိမ်သာထဲသွေးအိုင်ကြားလဲနေတဲ့ သူမကို စက်ရုံမှ အလုပ်သမား တစ်ချို့မြင်တွေ့သွားခဲ့ပြီး အင်းစိန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ သေကြောင်းကြံ စည်မှု ဖြစ်စဉ်ကြောင့် မထက်ထက်ခိုင်တွင် ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ပြီး (စိုးရိမ်ရ) လက်ရှိမှာတော့ အရေး ပေါ်ဆေးကုသမှုခံယူ လျက်ရှိတယ်လို့ စက်ရုံမန်နေဂျာ ဦးကျော်ဇင်ဌေးကပြောပါတယ်။ သေကြောင်းကြံစည် ရတဲ့ အကြောင်းအရင်းကတော့ အချစ်ရေးကိစ္စဖြင့် ပတ်သတ်ပြီး သူမရဲ့ချစ်သူလမ်းခွဲ စကားဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

ဆက်လက်ပြီး လုပ်ငန်းခွင်အတွင်း မိမိကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ အထည်ချုပ်လုပ်သား မထက်ထက်ခိုင်အား လှော်ကားနယ်မြေရဲစခန်တွင် တရားဥပဒေအရအရေးယူဆောင်ရွှက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။၎င်းရဲ့ လုပ်ရပ်ကြောင့်လည်း အထည်ချုပ်စက်ရုံမှ အလုပ်သမား များအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - Ko Ko Khaing’s Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။