ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနေ့ကညနေ(၅)နာရီခွဲခန့်အချိန်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးရွာတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ကျေးရွာရဲ့မြောက်ဘက်ပိုင်းရှိ အိမ်ခြေ (၁၅)အိမ်ထက်မနည်း လောင်ကျွမ်း ကြောင်း ကနဦးသတင်းများအရသိရပါတယ်။မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိ ရသေးပဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်ပြင်ကိုတော့ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ နတ်မောက်မြို့မှ မီးသတ်ယာဉ်များ၊တောင်တွင်းကြီးမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊နဲ့ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံပြည်သူများ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့တာကြောင့် ည(၇)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို သိရပါတယ်။ မီးလောင်မှု ကြောင့် ဆုံးရှုံးသွားရတဲ့ တန်ဖိုးအတိအကျမသိရသေးပဲ ဆက်လက်ပြီး ရဲတပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးများက စစ်ဆေးဆောင်ရွှက်မှုများပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆူးတပ်ကြီးကျေးရွာသည် အိမ်ခြေ (၇၀၀)ခန့် ရှိသောကျေးရွာကြီးဖြစ်ပြီး လက်ရှိမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ရွှာရဲ့မြောက်ဘက်ခြမ်း တစ်ခြမ်းလုံးနီးပါး မီးလောင်ပြာကျခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ မီးလောင်မှုတွင် ပါဝင်ခဲ့တဲ့ မီးဘေးသင့် ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းများ ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။မီးလောင်မှုဖြစ်စဉ်ကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ တရားဥပဒေအရ အရေး ယူဆောင်ရွှက်သွားမှာ ဖြစ်တယ်လို့ မြို့သစ်မြို့နယ်၊ရဲတပ်ဖွဲ့မှအရာရှိတစ်ဦးကပြောပါတယ်။ 

သတင်းအရင်းအမြစ် - Aung Kyaw Kyaw’Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။