မြန်မာနိုင်ငံရဲ့ အဓိကလှေကားထစ်တစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကတော့ မကြာမီဖြေဆိုရတော့မှာပဲဖြစ်ပါတယ်။ မတ် ၇ ရက်တွင် စတင်ဖြေဆိုမည့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ ရှစ်သိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးမျိုးသန့်က ပြောပြခဲ့ပါတယ်။ 

'ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် နောက်ဆုံးစာရင်းအရဆိုရင် ကျောင်းသား ကျောင်းသူ ပေါင်း ၈၄၄၂၉၂ ဦး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မှာတော့ ၁၂၁၃၅၃ ဦး ဖြစ်ပါတယ်။ ဒီနှစ်ကတော့ မနှစ်က ခုနစ်သိန်း ခြောက်သောင်းကျော်နဲ့ နှိုင်းစာမယ်ဆိုရင်တော့ ရှစ်သောင်းလောက် တိုးလာပါတယ်။ စာစစ်ဌာနကတော့ တစ်နိုင်ငံလုံးမှာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခု အပါ အဝင် ၁၇၄၂ ခု ရှိပါတယ်''ဟု ဒုတိယòန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးမျိုးသန့်က ပြောပြခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးရုံဖြေ စာဖြေဌာနလေးခုဖွင့်လှစ်ထားကြောင်း၊ ၎င်းတို့မှာရန်ကုန်ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ၊ မြောက်ဥက္ကလာ အထွေထွေ ရောဂါကုဆေးရုံနှင့် မြောက်ဥက္ကလာဝေဘာဂီဆေးရုံတို့ဖြစ်ကြောင်း သိရပါတယ်။ ဆေးရုံများတွင် ဖြေဆိုသော ကျောင်းသား ကျောင်းသူများ၊ စာရေးနိုင်ခြင်းမရှိသော ကျောင်းသား ကျောင်းသူများအတွက် နဝမတန်းကျောင်းသား ကျောင်းသူစာတော်သော ကလေးများ အရန်သင့်ထားရှိပေးမည်ဖြစ်ကြောင်း သိရပါတယ်။ 

သို့ရာတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အနေဖြင့် အသံဖမ်းနိုင်သော အီလက်ထရွန်နစ်ပစ္စည်းများ၊ ဂဏန်းတွက်စက်များ၊ ဖုန်းများ၊ စမတ်နာရီများကိုစာမေးပွဲခန်းအတွင်း ယူဆောင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ကျောင်းသား ကျောင်သူအားလုံးသည် တန်းတူအခွင့်အရေးဖြစ်ကြောင်း သိရပါတယ်။ ယခုအခါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မတ် ၇ ရက်တွင် စတင်ဖြေဆို တော့မည့်တက္ကသိုလ်ဝင်စာမေးပွဲကြီးအတွက် ဝေးလံသောဒေသများသို့ မေးခွန်းများ အချိန်မီရောက်ရှိရေး အဆင့်ဆင့်ကြပ်မတ်မှုများဖြင့် ပို့ဆောင်ပေးနိုင်ရန် စီမံကွပ်ကဲ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။