ဖေဖော်ဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊အာရှလမ်းမကြီး နတ်စင်ကွေ့ အနီး၊ ကီလိုမီတာ (၁၅၄)နှင့်(၁၅၅)အကြားတွင် ၂၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ် လို့သိရပါ တယ်။အဆိုပါ တိမ်းမှောင်ခဲ့တဲ့ယာဉ်ကတော့ 2C/--- နံပါတ်တပ်(၂၂)ဘီးတွဲယာဉ်ဖြစ်ပြီး မျက်နှာကျက် ကျောက်ပြားများ တင်ဆောင်လာတဲ့ယာဉ်ဖြစ်တယ်လို့ ကော့ကရိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါ တယ်။ဖြစ်စဉ်မှာတော့ ၎င်း(၂၂)ဘီးတွဲယာဉ်ဟာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ အာရှလမ်းမကြီးအတိုင်း မောင်းနင်လာစဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိတိမ်းမှောက် ခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ (၂၂)ဘီးတွဲယာဉ်ကိုတော့ယာဉ်မောင်း အောင်သူထွေး၊ ၃၂နှစ်မောင်းနှင်လာခဲ့ပြီး ယာဉ်မောင်းနှင့်အတူ ယာဉ်နောက်လိုက် ဇော်မျိုးထိုက်နှင့် ကလောအမည်ရှိတဲ့ အမျိုးသမီးတစ်ဦးတို့လည်းလိုက်ပါလာခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းယာဉ်တိမ်း မှောက်မှု ကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ကလောဆိုသူတွင် နဖူးပေါက်ပြဲ၊ ခန္ဓာကိုယ်ကျိုးကြေ ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဒဏ်ရာများပြင်းထန်စွာရရှိခဲ့တဲ့ သူမကတော့ နေရာမှာတင်ပဲ ပွဲချင်းပြီးသေဆုံး သွားခဲ့တာဖြစ်တယ်လို့ ကော့ကရိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ 

ယာဉ်မောင်းအောင်သူထွေးတွင်လည်း ဝဲယာပေါင်ရိုးကျိုး၊ နဖူးပေါက်ပြဲ၊ဝှေးစေ့ ပေါက်ပြဲ (စိုးရိမ်ရ)နှင့် ဇော်မျိုးထိုက်တွင် ဝဲလက်မောင်းရိုးကျိုး၊ဝဲခြေမျက်စေ့၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာစိုးရိမ်ရတို့ အသီးသီးရရှိခဲ့ တာပဲဖြစ်ပါတယ်။၎င်းဒဏ်ရာရှိခဲ့တဲ့ သူတွေကိုတော့ ဘားအံ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူ လျက်ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သူထွေး အားကော့ကရိတ် မြို့မရဲစခန်းကဥပဒေနှင့်အညီအမှုဖွင့်အရေးယူ ထားတယ်လို့သိရပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။