ဖေဖော်ဝါရီ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင်းမှာ စတုတ္ထအကြိမ်မြှောက် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ကို သဘာဝတောထဲကို ဘေးမဲ့ပြန်လွှတ်ခဲ့ကြပါတယ်။

မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂ဝ၁၃ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် သဘာဝတော အတွင်းကို မြန်မာ့ကြယ်လိပ် ၁၅ဝ စတင်၍ ပြန်လွှတ်ပေးခဲ့ပြီး ဒုတိယအကြိမ် ပြန်လွှတ်ခြင်းတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ၊ တတိယအကြိမ် ပြန်လွှတ်ခြင်းတွင် အကောင် ၃ဝဝ နှင့် စတုတ္ထအကြိမ် ပြန်လွှတ်ရာတွင် အကောင် ၃ဝဝ တို့ကို ဘေးမဲ့လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

ယခု(၂၁၀၈)နှစ်မှာတော့ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် စုစုပေါင်း အကောင် ၁ဝ၅ဝ ကို သဘာဝတောထဲသို့ အောင်မြင်စွာ ပြန်လွှတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘေးမဲ့တောထဲသို့ ပြန်လွှတ်ခဲ့သော ကြယ်လိပ်တို့ရဲ့ ၉၇ ရာခိုင်နှုန်းမှာ အောင်မြင်ပြီး ခုနစ် ရာခိုင်နှုန်းမှာ သဘာဝတောထဲတွင် သားပေါက်ကြောင်း သုတေသနပြုလုပ် ချက်များအရ သိရပါတယ်။ ယနေ့အချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှားပါးမြန်မာ့ ကြယ်လိပ်များကို ၁၄ဝဝဝ ကျော်အထိ အောင်မြင်စွာ သားဖောက်မွေးမြူ၍ ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

Source - Ministry of Natural Resources and Environmental Conservation-Forestry

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။