သစ်ပင်တွေနဲ့ ရာသီဥတုဟာ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် သစ်တောတွေပြုန်းတီးလာတာနဲ့အမှျှ သဘာဝဘေးအန္တာရာယ်များလည်း တားမရဆီးမရဝင်ရောက်နေပါတယ်။ ယနေ့အချိန်ခါမှာတော့တရားမဝင် သစ်ဈေးကွက်ဟာအရမ်းကိုမြင့်နေပြီး တရားမဝင်သစ်ခုတ်ယူမှုတွေကြောင့် သစ်တော်ပြုန်းတီးမှုများဖြစ်ပွားလှျှက်ရှိနေပါတယ်။ 

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲအချိန်က ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် မြို့မဘိနယ် ချင်းပုန်းကျေးရွာအနောက်ဘက်မှာ တရားမဝင်ပိတောက် ခွဲသား ၁၆ ချောင်း (၂ ဒသမ ဝ၂၈၈ တန်) တင်ဆောင်ရပ်တန့်ထားသည့် ခြောက်ဘီး အဖြူရောင်ယာဉ် တစ်စီးကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ သိမ်းဆည်းရမိသော တရားမဝင်သစ်များကို ယင်းမာပင်မြို့နယ် မြို့မညောင်ကိုင်းဘိနယ်စခန်းတွင် လုံခြုံစွာသယ်ယူထိန်းသိမ်းထားရှိပြီး ယာဉ်အား ကွေ့ချောင်းဘိနယ်စခန်းတွင်ထားရှိကာ ယာဉ်နှင့်သစ် ဆက်စပ်ပတ်သက်မှုများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ စုံစမ်း ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်ပရိတ်သတ်ကြီးတို့ရယ်။

source - myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။