ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းအချိန်၊ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ကို သဘာဝတောထဲသို့ ဘေးမဲ့ပြန် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ယခုုအကြိမ်ကတော့ စတုတ္ထအကြိမ်အဖြစ် ပြီးခဲ့တဲ့၂ဝ၁၃ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာ့ကြယ်လိပ် (၁၅ဝ) စတင်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တွေမှာတော့ မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝစီနှစ်စဉ် ဘေးမဲ့လွှတ်ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ 

သို့ဖြစ်ပါ၍ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ်စုစုပေါင်း အကောင်၁ဝ၅ဝ ကို သဘာဝတောထဲသို့ အောင်မြင်စွာ ပြန်လွှတ်နိုင်ခဲ့ပြီးပဲ ဖြစ်ပါတယ်။၂ဝ၁၃ ခုနှစ်မှစတင် မင်းစုံတောင် ဘေးမဲ့ တောထဲသို့ ပြန်လွှတ်ခဲ့ရာတွင် ၉၇ ရာခိုင်နှုန်းမှာ အောင်မြင်ပြီး ခုနစ်ရာခိုင်နှုန်းမှာ သဘာဝတောထဲတွင်သား ပေါက်ကြောင်း သုတေသနပြုလုပ် ချက်များအရ သိရပါတယ်။ဇန်နဝါရီလတွင်လည်း ရွှေစက်တော် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောထဲကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် ကြယ်လိပ် ၉ဝဝ ကို ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ယခုအချိန်တွင် ရှားပါးမြန်မာ့ ကြယ်လိပ်များကို ၁၄ဝဝဝ ကျော်အထိ အောင်မြင်စွာ သားဖောက်မွေးမြူ၍ ထိန်းသိမ်းထားနိုင်ပြီဖြစ် တယ်လို့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။မြန်မာ့ကြယ်လိပ် ဘေးမဲ့လွှတ်ပွဲကို သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှအုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်နှင့်ဝန်ထမ်းများ၊သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုး ဆက် ရှင်သန်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ကြေးမှုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။