မြန်မာလူမျိုးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်မှုရှိကြတာတွေ့ရပါတယ်။ အဆိုပါကိုးကွယ်မှုကြောင့် လက်ရှိဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံရဲ့ အဓိကကိုးကွယ်ရာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ၁.၃.၂၀၁၈ ရက်နေ့ တပေါင်းလပြည့်နေ့က ပြုလုပ်ခဲ့တဲ့ ကံ့ကော်တစ်ထောင်ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပူဇော်ကန်တော့ပွဲပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါပွဲကို လှည်းကူးမြို့နယ် ငါးဆူတောင်တွင်ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ၎င်းနေ့တွင် အနယ်နယ်အရပ်ရပ်မှ အများကောင်းမှုဖြင့် ပေါင်းစု၍ အဆူတစ်ထောင်ကျော်ကုန်သော ကံ့ကော်တစ်ထောင် ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ရောင်တော်ဖွင့်(ရွှေသင်္ကန်းကပ်) အလှူတော်မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ယင်းအပြင် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ၊ ဆီမီးတစ်ထောင် ရေချမ်းတစ်ထောင် ပန်းတစ်ထောင် ပူဇော်ခြင်းမင်္ဂလာ၊ စတုဒိသာ ကျွေးမွေးခြင်း အလှူတော်မင်္ဂလာ၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ် သင်္ကန်းစသော လှူဒါန်းခြင်းမင်္ဂလာများကို ကံ့ကော်တစ်ထောင်ရိပ်သာကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ရင်ထဲထိရောက်ရှိနိုင်တဲ့ အဆိုပါပွဲရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်များ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်များအတွက် တပေါင်းလပြည့်နေ့က ပြုလုပ်ကျင်းပခဲ့တဲ့ ကံ့ကော်တစ်ထောင် ဗုဒ္ဓရုပ်ပွားတော်မြတ်ပူဇော်ကန်တော့ပွဲအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - ကံကော်တစ်ထောင် ငါးဆူတောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။