မြန်မာနိုင်ငံရဲ့ တည်ဆောက်မှုတွေထဲတစ်ခုဖြစ်တဲ့ ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့တဲ့ တံတားတစ်စင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ဟာ 4-3-2018 နေ့ ညနေ ၄နာရီ ၃၀မိနှစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်ဟာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြိ ု့နယ်မံ အင်မင်းကုန်း အုပ်စုနှင့်မံလောင်ပေပင်အုပ်စု မံအင် - မံလောင်ချောင်းကြီးချောင်းဘေလီသံဘောင်တံတား ကျိုးကျခြင်းဖြစ်ပါတယ်။ 

တံတားကျိုးကျမှုမှာ ဘက်ဖိုးအသေးတင်ဆောင်လာသောကား 8 L- 1613 နံပတ်ပါအဖြူစိမ်းရောင် ၁၀ဘီးကားတစ်စီး ဘေလီသံဘောင်တံတား ပေါ်ဖြတ်သန်းစဉ် တံတားကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပါတယ်။ တံတားကို ကိုယ်ထူကိုယ်ထ ဒေသခံပြည်သူများ စီးပွါးရေးလုပ်ငန်းရှင်များ ကုမ္မဏီများ ကူးဆိပ် နောင်ယောဈေးသူဈေးသားများ လုပ်အားဒါန နေ့စဉ်ကူညီသူများနှင့် အနောက်ကုန်း အရှေ့ကုန်းကျေးရွာများမှ ပြည်သူများစုပေါင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ယခုကဲသို့ တံတားကျိုးကျမှုကြောင့် ပျတ်ဆီးဆုံးရူံးမှုများစွာ ရှိခဲ့ကြောင်း သိရပါတယ်။ ပရိသတ်များအတွက် မနေ့က ဖြစ်ပျတ်ခဲ့တဲ့ မံအင် - မံလောင်ချောင်းကြီးချောင်းဘေလီသံဘောင်တံတား ကျိုးကျမှုအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source -အောင်မင်းနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။