မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်၊ကန်နီကျေးရွာအုပ်စု ညောင်ကုန်း ကျေးရွာတွင် မြန်မာ့ရိုးရာ မြင်းဒုန်း စီးပြိုင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မြင်းစီးပြိုင်ပွဲကိုတော့ မတ် ၅ ရက် ညနေ ၄ နာရီ အချိန်က ကျင်းပခဲ့တာဖြစ်ပြီး ညောင်ကုန်းကျေးရွာရှိ ချမ်းသာရွှေဘုံသာဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ယခုနှစ်ကျင်းပတဲ့ မြင်းစီးပြိုင်ပွဲကတော့ (၅၉)ကြိမ်မြောက် ဖြစ်ပြီး ကျေးရွာအနီးရှိ ကွင်းပြင်မှာကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။  

မြန်မာ့ရိုးရာမြင်းဒုန်းစီးပြိုင်ပွဲကိုတော့ နှစ်စဉ်ဘုရားပွဲတော်ကျင်းပတဲ့ ကာလ ဖြစ်တဲ့ တပေါင်းလဆန်း ၄ ရက်နေ့မှာ ကျင်းပတာပဲဖြစ်ပါတယ်။ ပြိုင်ပွဲရက် ကို တစ်ရက်တည်းကျင်းပတာဖြစ်ပြီး ညနေပိုင်းအချိန်မှာပဲ ပြိုင်ပွဲကျင်းပတယ်လို့ သိရပါတယ်။ လာရောက်ယှဉ်ပြိုင်တဲ့ မြင်းတွေနဲ့ မြင်းစီးဝါသနာရှင်၊ ပညာရှင်တွေ ကိုတော့ မိတ္ထီလာမြို့ပေါ် ပတ်ဝန်းကျင်ကနေ ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါပြိုင်ပွဲကိုတော့ ကျေးရွာပေါင်း ၅ဝ ကျော်က ဒေသခံတွေ လာရောက်ကြည့်ရှုကြတယ်'' လို့ မြင်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါမြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မြင်းစီးသူ ငါးဦးနှင့် မြင်းငါးကောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြ တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။