မြစ်ကမ်းပြိုကျမှုများစွာဖြစ်ပွားနေတဲ့ နေရာတွေထဲကအဓိက အများဆုံးဖြစ်ပွားလျှက်ရှိတဲ့ မန္တလေးမြို့အတွင်း ပြုပြင်မှုများစွာပြုလုပ်နေကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုမှု ကာကွယ်ပေးနိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေကျပ် ၄၁ ဒသမ ၈၇ ဘီလီယံ သုံးစွဲ၍ နေရာ ၁၉ ခုတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။  

''ဘတ်ဂျက်ပိတ်တဲ့ မတ်လအပြီးဆိုပေမယ့် လုပ်ငန်းသဘာဝအရ ရေနည်း ချိန်မှာလုပ်ရတာဖြစ်တယ်။ တင်ဒါခေါ် ယူမှု၊ စီမံခန့်ခွဲမှုတွေလုပ်ရတော့ ဇန်နဝါရီ မှ လုပ်ငန်းစတင်လုပ်ရတာ များတယ်။ လုပ်ငန်းသေးတွေက မတ်လမှာပြီးနိုင် ပေမယ့် လုပ်ငန်းကြီးတွေကတော့ ဧပြီလ မှ ပြီးနိုင်မယ်''ဟု တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြခဲ့ပါတယ်။ ''ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းကြောင့် စိုက်ပျိုးမြေလူနေအိမ်၊ စေတီ ပုထိုး ပျက်စီးမှုမရှိအောင် ထိန်းသိမ်းပေးနိုင်လို့ ပြည်သူတွေမှာ အကျိုးရှိပါတယ်။ 

ဌာနက ကမ်းပြိုကာကွယ်ရေးတင်မဟုတ်ဘဲ မြစ်ကြောင်း၊ ရေလမ်းကြောင်း တည်ငြိမ်ဖို့ပါ လုပ်ပါတယ်။ တည်ငြိမ်တော့ ကမ်းပြိုမှုနည်းသွားတယ်၊ ဒီလုပ်ငန်း တွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့အတူ ပြည်သူတွေပူးပေါင်း ဆောင်ရွက်ကြတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကမ်းပြိုရသည့် အကြောင်းအရင်းများမှာ လူသားတို့ အပြုအမူကြောင့် သစ်တောပြုန်းတီးရာမှ မြေဆီလွှာများ မြစ်ထဲရောက်ရှိကာ အနည်အနှစ်ကျခြင်း၊ မြစ်၏ရေဝေရေလဲဒေသများတွင် စည်းကမ်းမဲ့ရွှေသတ္တုတူးမှုမှ အနည်များမြစ်ထဲ ကျရောက်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထူးခြားမြစ်ရေတက်ခြင်းတို့က ကမ်းပြိုမှုဖြစ်ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။