မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရဲ့ ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ၊ မြန်မာ့ရိုးရာ တောသင်္ကြန်ညဈေးပွဲ တော်ကိုပါထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။အဆိုပါတောသင်္ကြန် ညဈေးပွဲတော်တွင် ဈေးရောင်းချ လိုသူများကိုလည်း အခမဲ့နေရာချထားပေးသွားမယ်လို့ သိရပါတယ်။ဈေးဆိုင်ဖွင့်လှစ်လိုသူများ အနေနဲ့ မတ် ၃၁ ရက်နေ့ နောက်ဆုံးထားကာ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အခွန်ဌာနတွင်စာရင်းပေးသွင်းရ မှာပဲဖြစ်ပါတယ်။ 

ဈေးဆိုင်ခန်းလျောက်လွှာပုံစံများကိုလည်း သာယာရေးကော်မတီ အခွန်ဌာနတွင်လာရောက်ထုတ်ယူပြီး စာရင်းသွင်းနိုင်ပါတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။အဆိုပါတောသင်္ကြန်ညဈေးကိုတော့ ကျုံးမြို့ရိုးအရှေ့ဘက် (၆၆)လမ်းပေါ်တွင် ခင်းကျင်းနိုင်ရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက် နေ့အထိ နေ့စဉ် ည ၇ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးကပြောပါတယ်။ 

တောသင်္ကြန်ညဈေးတွင် မြန်မာ့ ရိုးရာ အစားအသောက်များ၊ မန္တလေး ဒေသ နာမည်ကြီးစားသောက်ဖွယ်ရာ များ၊ အမှတ်တရပစ္စည်းများ၊ နိုင်ငံခြား သားများ ဝယ်ယူနိုင်မည့် စာအုပ်များ ရောင်းချသည့် စာအုပ်ဆိုင်များ အပါအဝင် စည်ကားပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် စီစဉ်လျက်ရှိတယ်လို့ ၎င်းကပြောပါတယ်။ ထို့ပြင် တောသင်္ကြန် ညဈေးတွင် လာရောက်လည်ပတ်သူ ပြည်သူများအတွက် ဂန္ထဝင်ရုပ်ရှင်ပြသခြင်း၊ မြန်မာ့ရိုးရာ ရုပ်ကြီးစင်၊ ဆင်အက၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ခြင်းလုံးအလှပြခတ်ခြင်း၊ ချောတိုင်တက်ခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလူးပွဲ စတဲ့ အစီအစဉ်များပါဝင်မယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။