အပြည်ပြည်ဆိုင်ရာမှာ ကျင်းပလျှက်ရှိသော အမျိုးသမီးများနေ့ကို မြန်မာပြည်တွင်လည်း နှစ်စဉ်ကျင်းပလျှက်ရှိတာတွေ့ရပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒီကနေ့မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်ရိပ်သာလမ်း ပါတီဌာနချုပ်မှာ သဘောထားရပ်တည်ချက် ၆ ချက်ကို ထုတ်ပြန်ပြီး ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

ပါတီအနေနဲ့ တကမ္ဘာလုံးကအမျိုးသမီးထု စွမ်းရည်မြင့်မားရေးနဲ့ ၂၀၁၈ ကုလဦးတည်ချက်ဖြစ်တဲ့ အမျိုးသမီးများဘဝမြှင့်တင်ဖို့ ကျေးလက်မြို့ပြ တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းလို့ယခုပင်ကြိုးပမ်းကြစို့ဆိုတဲ့ဆောင်ပုဒ်ကိုအားပေးတဲ့အပြင် ကုလသမဂ္ဂ ပြဌာန်းထားတဲ့ CEDAW သဘောတူစာချုပ်ပါ အမျိုးသမီးအခွင့်အရေးတွေကို မြန်မာ့ရေမြေ သဘာဝနဲ့ အညီလက်ခံကျင့်သုံံးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အလုပ်ရှားပါးတာ၊ လူကုန်ကူးခံရတာတွေ၊ ကုန်ဈေးနှုန်းမြင့်မားနေတာတွေအပါအဝင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပြဌာန်းပေးဖို့နဲ့ နေ့စဉ် အသက်အရွယ်မရွေး အကြမ်းဖက်ခံနေရတာတွေကို လျော့နည်းပပျောက်အောင် အစိုးရ အနေနဲ့ ထိရောက်တဲ့ အစီအမံတွေ ချမှတ်ပေးဖို့ တိုက်တွန်းထားတဲ့ သဘောထားထုတ်ပြန်ချက် ၆ ချက်ကို တစညပါတီက ထုတ်ပြန်ခဲ့ပါတယ်။ 

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တစညပါတီက ၂၀၁၃ က စတင်ကျင်းပလာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်း စာတမ်းဖတ်ကြားတင်သွင်းခဲ့သလို ရန်ကုန်တိုင်းအတွင်းက ခရိုင်ပါတီဝင်တွေရဲ့ မိသားစုတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။