မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်အချိန် ၊ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီ တော် အချို့လည်းထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်ကြောင့်စေတီတော်တစ်ဆူ အောက်ပိုင်း ပြိုကျ ခြင်း၊ စိန်ဖူးတော် မြေခခြင်းနှင့် ကျေးလက် ဆေးပေးခန်း တစ်ခုတို့ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။  

အဆိုပါ ငလျင်ကတော့ နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်၊ ဥတ္တရသီရိ မြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ၏ အနောက်ဘက် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက် ရုံရဲ့ မြောက်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။၎င်းငလျင်ကတော့ ပြင်းအား ရစ်တာစကေး (၅.၅) အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုဖြစ်တယ်လို့ တိုင်းတာချက်များအရသိရပါတယ်။ 

မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာမှ ၄၅ ပေ ဉာဏ်တော်အမြင့်ရှိ စေတီတော်ကြီး တောင်ဘက်အခြမ်း အောက်ပိုင်းပြိုကျခဲ့ပြီး အနည်းငယ်တိမ်းစောင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး အရှေ့ တောင်ထောင့် အရပ်မှ ဉာဏ်တော် ၉ ပေရှိ အရန်စေတီတော်တစ်ဆူ ပြိုကျ ပျက်စီးခဲ့ပြီး ရွှေနံသာ ရပ်ကွက်တွင် (၃၀x၂၀)ပေရှိ အုတ်ခင်း၊ အုပ်ကာ သွပ်မိုးဆေးပေးခန်းမှာ တောင်ဘက်အခြမ်း (၁၀x၅)ပေ ခန့်ရှိ အုတ်နံရံ တစ်ချပ် ပြိုကျပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ပျက်စီးသွားတဲ့ စေတီတော်များနဲ့ တခြားနေရာ များသို့ ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။