မတ်လ(၈)ရက်နေ့၊ မနေ့မနက်ပိုင်းအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊ အထက(၅)စာစစ်ဌာန တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတစ်ဦးအား ယာဉ်ထိန်းရဲက အချိန်မှီအကူညီပေး နိုင်ခဲ့တာကြောင့် စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါကျောင်းသားဟာ နံနက်(၈ )နာရီခွဲခန့် တွင်ကျောင်းကိုရောက်ရှိလာခဲ့ပြီး စာမေးပွဲအခန်းအဝ ရောက်မှကတ်ပြား မေ့ကျန်ခဲ့သိရှိခဲ့တာပဲဖြစ်ပါတယ်။ အိမ်သို့ ပြန်သွားယူလျှင်လည်း စာမေးပွဲချိန် နောက်ကျမှာဖြစ်ပြီး ဖြေဆိုခွင့်ရရှိတော့မှာ မဟုတ်တာကြောင့် အခက်တွေ့နေရတာပဲ ဖြစ်ပါတယ်။ 

အဆိုပါကျောင်းသားရဲ့ အခက်ခဲကိုတော့ တာဝန်ကျယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သိရှိခဲ့ပြီး အချိန်မှီကူညီ ပေးခဲ့တာပဲဖြစ်ပါတယ်။ ကျောင်းသားကို ၎င်းရဲ့မော်တော်ဆိုင်ကယ်ယာဉ်ဖြင့် နေအိမ်သို့သွားကာ ကျောင်းသား ကဒ် ကူညီယူဆောင် ပေးခဲ့တာကြောင့်စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။လေးစားဖွယ်စိတ်ထားလေးနဲ့ ကူညီပေးခဲ့တဲ့ အဆိုပါယာဉ်ထိန်းရဲအရာရှိ သတင်းလေးကတော့ လက်ရှိလူမှုကွန်ယက်မှာအရမ်းကိုရေပန်းစား နေပြီး ပရိသတ်တွေချီးကျူးမဆုံးဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 

၂ဝ၁၇-၂ဝ၁၈ ယခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၇ ရက်မှ ၁၆ ရက်အထိ နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိတာပဲ ဖြစ်ပါတယ်။စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆို နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မြို့နယ်အလိုက် လုံခြုံရေးလုပ်ငန်များနဲ့ ယာဉ်အ္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အပြည့် အဝ ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ခရိုင်လေးခရိုင်ရှိ မြို့နယ် များတွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပနေတဲ့ စာစစ်ဌာန ပေါင်း၂၂ဝ ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။