၂၀၁၇ - ၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်မြို့ အင်းစိန်(ဗဟို) အကျဉ်းထောင်မှ အကျဉ်း သား၊ အကျဉ်းသူ ၃၄ ဦးဖြေဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို သူများကတော့ လက်ရှိပြစ်ဒဏ်ကျခံ နေတဲ့အထဲက ၃၁ ဦး၊ အမျိုးသမီးတစ်ဦးတို့အပြင် အမှုရင်ဆိုင်နေရ တဲ့ အချုပ်သားတစ်ဦးနဲ့ အပြင်ကလာရောက်ဖြေဆိုတဲ့သူတစ်ဦး စုစုပေါင်း ၃၄ ဦးဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။ အပြင် ကဖြေဆိုသူနှစ်ဦးကတော့ စာမေးပွဲဖြေဆိုခွင့် ဖောင်တွေ တင်တဲ့ အချိန်တုန်းက ပြစ်ဒဏ်ကျခံနေရတာကြောင့် အကျအနေနဲ့ ဖောင်တင်ခဲ့ပြီး စာမေးပွဲဖြေဆိုတဲ့ အချိန်မှာတော့ ပြစ်ဒဏ်ပြည့်ပြီး လွတ်မြောက် သွားတဲ့ သူတွေ ဖြစ်လို့ အခုလိုလာရောက်ဖြေဆိုတာ ဖြစ်ပါတယ်''ဟု အဆိုပါ အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးကပြောပါ တယ်။ 

အင်းစိန်(ဗဟို) အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာမေးပွဲ ဝင်ရောက် ဖြေဆိုနိုင်ရန် အကျဉ်းထောင်အတွင်း ကျောင်းချိန်များအတိုင်း သင်ခန်းစာများသင်ကြားပို့ချပေးခဲ့တာပဲ ဖြစ်ပါ တယ်။ အကျဉ်းသူ၊ အကျဉ်းသား ဘွဲ့ရများ၊ ဆရာ၊ ဆရာမ များနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ စေတနာရှင် ဆရာ၊ ဆရာမများကကူညီသင်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။နေ့စဉ် ည ၇ နာရီမှ ၁ဝ နာရီအထိ ပုံမှန်သင်ကြားပေးခဲ့တာ ဖြစ်ပြီး သေသေချာချာနဲ့ စာမေးပွဲဖြေဆိုမယ့်သူတွေအပေါ် ဂရုတစိုက် သင်ကြားပေး ပါတယ်လို့ စာမေးပွဲဖြေဆိုခဲ့တဲ့အကျဉ်းသား တစ်ဦးမှပြောပါတယ်။  

ထို့အပြင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အကျဉ်းသူ၊ အကျဉ်းသားများ ကျန်းမာရေး ကောင်းမွန် နေစေရန် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းများ နှင့် အချိန်ပိုင်းအလိုက် မိမိဝါသနာပါရာ အားကစား ပြုလုပ်ခြင်း များကိုလည်း ပြုလုပ်စေခဲ့တယ်လို့ အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ အင်းစိန်(ဗဟို) အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသူ၊အကျဉ်း သား ၁၉ ဦး ဝင်ရောက် ဖြေဆိုခဲ့တာဖြစ်ပြီး ကိုးဦးဖြေဆိုအာင်မြင်ခဲ့တယ်လို့ သိရပါတယ်။ထို့ပြင် တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးလည်း ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။