လက်ရှိမြန်မာနိုင်ငံအနှံ့အပြားတွင် ရေရှားပါးမှုကို ခံနေရတာတွေ့ရပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း နှင့် အညာဒေသများတွင် ရေရှားပါးမှုကို များစွာကြုံတွေ့နေရပါတယ်။ မြန်မာ့ပရဟိတအဖွဲ့များစွာကလည်း ရေရှားပါးမှုအတွက် အကူအညီများစွာ ပြုလုပ်ပေးလျှက်ရှိတာကိုလည်း တွေ့မြင်ရပါတယ်။  

မကြာသေးမီက မြန်မာနိုင်ငံသို့ လေ့လာရေးခရီးထွက်လာကြတဲ့ USA (အမေရီကန်) ကျောင်းသား၊ကျောင်းသူများက မြန်မာနိုင်ငံတွင် ပရဟိတလုပ်ဆောင်သွားကြောင်းသိရပါတယ်။ အမေရီကန်နိုင်ငံ (USA) ကျောင်းသား၊ကျောင်းသူများသည် မြန်မာနိုင်ငံရဲ့ ရေရှားပါးသော အညာဒေသတွင် ကျေးရွာပြည်သူများအတွက် ရေခပ်ခြင်းများကို ဝိုင်းဝန်းကူညီခဲ့ကြကြောင်း သိရပါတယ်။ 

ထိုသို့လုပ်ဆောင်ပေးမှုများကို ရိုက်ကူးထားသည့် ဓာတ်ပုံများကတော့ လက်ရှိလူမှုကွန်ယက်များတွင်ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ အတုယူလေးစားစရာ USA ကျောင်းသား/သူများရဲ့ ဓာတ်ပုံများနှင့်အတူ ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Shwenc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။