မတ်လ(၁၁)ရက်နေ့၊ ည ၉နာရီ၄၅မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဂျပန်ခေတ် စစ်လက်နက်ဟောင်းတစ်လက် တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။အဆိုပါဖြစ်စဉ်ကတော့ မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် နယ်မြေ(၇)တွင်နေထိုင်တဲ့ ဒေါ်စိန်(၇၃)နှစ် နေအိမ်အတွင်း အိမ်သာဆောပ်လုပ်ရန် အိမ်သာကျင်းတူးနေစဉ် ၎င်းလက်နတ်ဟောင်းအား တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

အဆိုပါတွေ့ရှိခဲ့တဲ့ လက်နက်ကိုတော့ မြေကျင်းအနက် အလျား(၆)ပေ အကျယ်(၄)ပေ အနက်(၃) ပေအရောက်တွင်တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။တွေ့ရှိစဉ်မှာတော့ သံချေးများနှင့်သဲများပိတ်နေပြီး စစ်လက်နက် ဟောင်းဟုယူဆရတဲ့ ဂျပန်ခေတ်စစ်လက်နက်တစ်ခုဖြစ်ကြောင်း မိတ္ထီလာအမှတ်(၂)နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှမျိုးကပြောပါတယ်။

သတင်းရရှိစဉ်အတွင်းမှာတင် ဒုရဲအုပ်လှမျိုးနဲ့အတူ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး ပါဝင်တဲ့ အဖွဲ့ဝင်များက အတူသွားရောက်စစ်ဆေးကြည့်ရှု့ခဲ့တာပဲ ဖြစ်ပါတယ်။၎င်းလက်နက်ဟောင်းကတော့ ကျိုးပဲ့ ပျက်စီးနေပြီး လုံးဝပစ်ခတ်၍မရသော စက်သေနတ်တစ်ခုဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။သံချေးများနှင့် သဲများပိတ်၍ ပျက်စီးနေပြီး လုံးဝပစ်ခတ်မရတော့တဲ့အဆိုပါ လက်နက်ကိုတော့ မိတ္ထီလာတပ်/နယ်သို့ အမြန်ပြန်လည်လွှဲပြောင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။