မြန်မာနိုင်ငံရဲ့ သစ်တောများတွင် ရှားပါးတိရိစ္ဆာန်များစွာရှိတာကို ပရိသတ်ကြီးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ တိရိစ္ဆာန်တွေထဲက မိခင်ပျောက်ဆုံးနေသော ဝံသားပေါက်နှစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဝံသားပေါက်နှစ်ကောင်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့၊ ဒေါင်းမြူးခန်းမတွင် ဒီကနေ့ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မိခင်ပျောက်ဆုံးနေသော ဝံသားပေါက် အမ(၂)ကောင်အား မြို့နယ်သစ်တောဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဝံသားပေါက်နှစ်ကောင်အား ဝန်းသိုမြို့နယ် မိုင်းသုန်ကျေးရွာနေ ဦးအောင်ငြိမ်းမှ မိုင်းသုန်ကျေးရွာ အရှေ့ဘက် (၄) မိုင်ခန့်အကွာ၌ မိခင်ပျောက်ဆုံးနေသည့် ခန့်မှန်း အသက် (၄၅)ရက်သား ခန့်ရှိသော ဝံသားပေါက် အမ(၂)ကောင်အား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။၎င်းဝံသားပေါက် နှစ်ကောင်အား ယခုလို သက်ဆိုင်ရာသို့ လာရောက်လွှဲပြောင်း ပေးအပ်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။  

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများ၊ မိုင်းသုန်ကျေးရွာ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ချစ်စရာ ဝံသားပေါက် အမ(၂)ကောင်အား မြို့နယ်သစ်တော ဦးစီးဌာနမှာ တာဝန်ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။