လက်ရှိနိုင်ငံတကာမှာ ရေပန်းစားနေတဲ့ သဲပန်းပုပညာကို ယခု မြန်မာနိုင်ငံတွင် စတင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းနံဘေး သဲသောင်ပြင်တွင် ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပါတယ်။ ၎င်းချင်းတွင်းသင်္ကြန်ပွဲတော်တွင် ထည့်သွင်းပြသရန်စီစဉ်ထားသည့် သဲပန်းပုရုပ်များထုဆစ်နိုင်ရန်အတွက် စင်္ကာပူနိုင်ငံမှ သဲပန်းပုပညာရှင် Mr. Jo Oheng tan က ဒီကနေ့မတ်လ(၁၄)ရက်နေ့နံနက်(၈)နာရီခွဲက ချင်းတွင်း သင်္ကြန်ပွဲကျင်းပရန် စီစဉ်လျက်ရှိသောကွင်းအတွင်းသို့ လာရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။ 

'' ချင်းတွင်းသင်္ကြန်အတွက် မြန်မာပြည်ရဲ့ သဘာဝနဲ့ယဉ်ကျေးမှုကိုဖော်ကျူးတဲ့ သရီးဒီသဲပန်းပုကို ဖန်တီးဖို့စီမံထားပါတယ်၊ ဘယ်လိုပုံစံမျိုးဖြစ်မလဲ ဆိုတော့ ကိုယ်တိုင်လာရောက်လေ့လာကြည့်ရှုစေချင်ပါတယ်။ သဲပုံတာ၊ သဲတွေကျစ်အောင်လုပ်ဖို့အတွက် အကူအညီတွေ အများကြီးလိုအပ်ပါတယ်။ အဲဒိလုပ်ဆောင်နေတဲ့ကာလအတွင်းမှာ သဲပန်းပုဝါသနာရှင်တွေအနေနဲ့ လက်တွေ့လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်'' ဟု စင်္ကာပူနိုင်ငံသား သဲပန်းပုပညာရှင် Mr. Jo Oheng Tan ကပြောပြခဲ့ပါတယ်။ 

မုံရွာမြို့တွင် ပထမဆုံးအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် အမြင့်(၁၅)ပေကနေ (၁၈)ပေကြားရှိ သဲပန်းပုရုပ်တွေထုလုပ်ပြသသွားရန် စီစဉ်ထားသည့် အတွက် သဲပန်းပုရုပ်များ အချိန်မီပြီးစီးရေး လိုအပ်သော ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် သဲပန်းပုပညာရှင် Mr. Jo Oheng Tan က ယခုကဲ့သို့ လာရောက်ကြည့်ရှုလေ့လာခြင်းဖြစ်ကြေင်း သိရပါတယ်။ မြန်မာအနုပညာချစ်ပရိသတ်တွေအတွက် မတူညီတဲ့အနုပညာတစ်ခုကို မကြာမီခံစားကြည့်ရူရမှာဖြစ်ကြောင်း ပြောကြားရင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။