မတ်လ(၁၄)ရက်နေ့၊ ဒီနေ့မနက်မှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနေနဲ့ ကျင်းပတဲ့၂၀၁၇ - ၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ နောက်ဆုံးဘာသာရပ်ကို အသီးသီးဖြေဆိုခဲ့ကြတာပဲဖြစ် ပါတယ်။မြန်မာတစ်နိုင်ငံလုံး၊ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူများစုစုပေါင်း (၈)သိန်း (၄)သောင်းကျော်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ယနေ့ နောက်ဆုံးဖြေဆိုခဲ့တဲ့ ဘာသာရပ်ကိုလည်း ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ် အ.ထ.က(၁)စမ်းချောင်း စာစစ်ဌာနတွင်ဖြေဆိုခဲ့တဲ့ ကျောင်းသား တစ်ဦးကပြောပါတယ်။ 

တခြားကျေးလက်ဒေသ၊မြို့နယ်အသီးသီးမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်များတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေပြေ ဖြေဆိုနိုင်ကြစေရန် သက်ဆိုင်ရာ စာစစ်ဌာနများမှ တာဝန်ရှိသူများ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ယခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကိုတော့ ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့မှ စတင်ကျင်းပခဲ့တာ ဖြစ်ပြီး တစ်နိုင်ငံလုံးမှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၊ကျောင်းသူများ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ကြရတာပဲ ဖြစ်ပါတယ်။ 

ယခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ထူးထူးခြားခြားအနေနဲ့ စိတ်ကြိုက်မြန်မာစာဘာသာ ဖြေဆိုသူ ကျောင်းသား တစ်ဦးရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါကျောင်းသားကတော့ ရန်ကုန်တိုင်း၊ စမ်းချောင်း အ.ထ.က (၂) မှာ ဖြေဆိုသူတယောက်တည်း ရှိခဲ့ပြီး မနေ့က မတ်လ ၁၂ ရက်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်နဲ့အတူ စိတ်ကြိုက် မြန်မာစာ ဘာသာယူထားသူလည်း ဖြေဆိုခဲ့ရတာပဲ ဖြစ်ပါ တယ်။ 

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။