လိင်ဆက်ဆံတဲ့နေရာမှာ သင်မသိသေးတဲ့အကျိုးကျေးဇူးတွေ ရှိနေနိုင်ပါသေးတယ်။

တစ်နေ့တစ်ကြိမ်လိင်ဆက်ဆံခြင်းဟာ အသက်ရှည်ကျန်းမာစေပါတယ်လို့ သုတေသနအရ သိရပါတယ်။ ထို့ကြောင့်လည်း အသက်ရ၅နှစ်ကျော် အဖိုးကြီး၊အမယ်ကြီးစုံတွဲ ၂၅ရာခိုင်နှုန်းမှာ လိင်ဆက်ဆံဆဲပင်ဖြစ်ပါတယ်။

(၁)လိင်ဆက်ဆံခြင်းသည် အိပ်ပျော်စေတယ်။

လိင်ဆက်ဆံခြင်းသည် အိပ်ချင်စိတ်ကို ဖြစ်စေသော အောက်တိုဇင်ဟောမုန်း (Oxytocin Hormones) ၊ မက်လာတိုနင်ဟောမုန်း (Melatonin Hormones) နှင့် ဆီရာတိုနင်ဟောမုန်း (Seratonin Hormones) များကို ထုတ်လုပ်ပေးသောကြောင့် လိင်ဆက်ဆံခြင်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ညအိပ်မပျော်သူများအတွက် လိင်ဆက်ဆံခြင်းဟာ အကောင်းဆုံးအိပ်ဆေးဖြစ်ပါတယ်။

(၂)လိင်ဆက်ဆံခြင်းသည် ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးတယ်။

တစ်လလျင် ၂၁ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် သာမန်လူများထက် ဆီးကြိတ်ရောဂါဖြစ်တန်စွမ်း ၂ဝရာခိုင်နှုန်းလျော့နည်းသည်ဟု လူ ၃ဝ,ဝဝဝ ကို စမ်းသပ်အပြီး လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ဤမျှပင် အကျိုးကျေးဇူးကြီးမားတဲ့ လိင်မှုကိစ္စဆောင်ရွက်နေတုန်းမှာပဲ လူ၅ယောက်လျင် ၁ယောက်မှာ စမတ်ဖုန်းသုံးစွဲနေတုန်းပင် ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံးလူမျိုးတစ်ခုဖြစ်တဲ့ ဂရိလူမျိုးဟာ ကမ္ဘာပေါ်တွင် လိင်ဆက်ဆံမှုအများဆုံးလူမျိုးုဖြစ်ပါတယ်။

(၃)လိင်ဆက်ဆံခြင်းသည် အရွယ်တင်စေတယ်။

လိင်ဆက်ဆံသော သူများသည် သာမန်လူများထက် ရနှစ်စာပိုမို နုပျိုစေတယ်လို့ တော်ဝင်အီဒင်ဘက်ဆေးရုံ (Royal Edinburgh Hospital) မှ ပညာရှင် David Weeks က လူ ၃၅ဝဝ ကို သုတေသနပြုလုပ်ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

(၄)လိင်ဆက်ဆံခြင်းသည် ရောဂါဘယများကို ကင်းဝေးစေတယ်။

လိင်ဆက်ဆံလိုက်တိုင်း ရောဂါပိုးများကို တိုက်ဖျတ်ပေးသော အင်မူနိုဂလိုဘင်ဟောမုန်းများ ခန္ဓာကိုယ်မှထွက်ပေါ်လာသောကြောင့် လိင်ဆက်ဆံခြင်းသည် ဖျားနာရောဂါများ ကင်းဝေးစေပါတယ်။ လိင်ဆက်ဆံခြင်းဟာ ခေါင်းကိုက်ဝေဒနာကိုတောင် သက်သာစေပါတယ်။

(၅)လိင်ဆက်ဆံခြင်းသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

တစ်ပတ်လျင် နှစ်ကြိမ်ခန့် လိင်ဆက်ဆံသော လူများသည် တစ်ပတ်လျင် တစ်ကြိမ်သာ လိင်ဆက်ဆံသော လူများထက် နှလုံးရောဂါဖြစ်တန်စွမ်း နည်းပါတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။