ဖော်ပြပါပုံသည် ထူးချွန်နေသည့်လောကီဘဝကို စွန့်ကာ သာသနဘောင် ဝင်ရောက်လာသော ရဟန်း၃ပါးတို့၏ပုံဖြစ်သည်။

တစ်ပါးကတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုရန်ကုန်တိုင်း အတွင်းပထမနှင့်အောင်မြင်ကာ မုံလယ်ဆရာတော်ဘုရားကြီး၏တရားစခန်းဝင်ရောက် ၍တရားအားထုတ်

ရင်း သာသနဘောင်ဝင်ကာပရိယတ္တိ စာပေများကို ယောဆရာတော်ဘုရားကြီး၏ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်တွင် သင်ယူရင်း စာချတန်း တကျမ်းစွဲ ထားသော တောင်ငူဇာတိဖွား အရှင်ပဏ္ဍိစ္စဖြစ်သည်။

နောက်တစ်ပါးကမကွေး ဆေးတက္ကသိုလ် တွင်ဒုတိယနှစ်တက်နေရင်း(ထိုစဉ်ကအသက်၂၀)မန္တလေး မုံလယ်တောရတွင် ရဟန်းခံပြီး သာသနဘောင် အပြီးဝင်ရောက်ကာ မစိုးရိမ်ကျောင်းတိုက် တွင် အခြေခံ ပရိယတ္တိစာပေများကို သင်ယူနေသော ကျိုင်းတုံ ဇာတိဖွား အရှင်ရဋ္ဌသာရဖြစ်သည်။

ကျန်တစ်ပါးကဆရာဝန်ဒေါက်တာဘွဲ့ ရပြီး လုပ်သက် ရနှစ်ဖြင့် အသက် ၃၁နှစ်တွင် ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရ၌ရဟန်းခံပြီး သာသနဘောင် အပြီးဝင်ရောက်ကာ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်တွင် ပရိယတ္တိ စာပေများ သင်ယူမည့်မြိတ်ဇာတိဖွား အရှင်သီလဝံသဖြစ်သည်။

Credit - သတင်းစုံ

အရှင်တေဇနိယ(မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်)ထံမှကူးယူပူဇော်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။