မြန်မာ့လက်ဝှေ့ရဲ့ နာမည်ကျော်ဖိုက်တာတစ်ယောက်ဖြစ်တဲ့ သံမဏိစိုးလင်းဦးကတော့ ရူံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါပြီ။ မကြာသေးမီက ထိုးသတ်ခဲ့တဲ့ မြန်မာ - ထိုင်း လက်ဝှေ့ပွဲတွင် အဓိကပွဲကြီးတစ်ပွဲဖြစ်တဲ့ စိုးလင်းဦး(မြန်မာ)နှင့် ဝီဂျစ်(ထိုင်း)တို့ရဲ့ ထိုးသတ်မှုကိုတော့ ပရိသတ်တွေလည်းတွေ့မြင်ခဲ့ရမှာပဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့ သံဖြူအားကစားကွင်းမှာ ပြုလုပ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်း "50th Media Lethwei Fight" လက်ဝှေ့ပွဲရဲ့ နောက်ဆုံးပွဲကြီးဖြစ်တဲ့ သံမဏီစိုးကြီး ပွဲကတော့ ငါးချီအထိ ထိုးသတ်ခဲ့ပြီး သရေရလဒ်ကိုသာ ရရှိခဲ့တာပဲဖြစ်ပါတယ်။  

သံမဏီစိုးလင်းဦးကတော့ လာရောက်ကြည့်ရူ့သူတွေကို အကောင်းဆုံးရသတစ်ခု ပေးစွမ်းနိုင်ခဲ့ပေမယ့် ရလဒ်ကောင်း မပိုင်ဆိုင်နိုင်ခဲ့တာတွေ့ရပါတယ်။ စိုးလင်းဦးကတော့ လက်ရှိ ရူံးပွဲမရှိစံချိန်ကို ထိန်းသိမ်းထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Source - Myanmar Lethwei Fights

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။