လက်ရှိပြည်တွင်းထွက် အသီးအနှံ့များစွာထဲမှ ဖရဲသီးများကတော့ ယခင်နှစ်ထက် အကျိုးအမြတ်ဖြစ်ထွန်းနေကြောင်း သိရပါတယ်။ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်း မြို့နယ် အင်းကြင်းကုန်းအုပ်စု မရင်းကုန်း ကျေးရွာရှိ ဖရဲစိုက်ပျိုးသူတောင်သူများ အထွက်နှုန်းကောင်းပြီး ယမန်နှစ် ကထက် စိုက်ပျိုးသူဦးရေ နည်းပါးသည့် အတွက် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရပါတယ်။ 

မရင်းကုန်းကျေးရွာသည် မန္တလေး- မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမ ဘေးရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တစ်ရွာ လုံးနီးပါး တစ်နှစ်ပတ်လုံးစိုက်ပျိုးရေး အခြေခံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ကျေးရွာတစ်ခုပဲဖြစ်ပါတယ်။ ယခုလို ပူပြင်းသော နွေရာသီကာလတွင် ကားလမ်းမဘေး ဝဲယာရှိ အရိပ်ကောင်းသော သစ်ပင်ကြီးများအောက်တွင် ဒေသထွက်ဖရဲသီးများ စုပုံထားသော ဖရဲသီးရောင်းဆိုင်တန်းငယ်များ စီတန်း လျက်မြင်တွေ့နိုင်ပါတယ်။  

ဒေသထွက်ဖရဲသီးများကို တစ်လုံး $၅ဝဝ မှ ၃၅ဝဝ အထိ အရွယ်အစား အလိုက် ရောင်းချလျက်ရှိပြီး ယမန်နှစ် ဖရဲစိုက်ရာသီကထက် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးသူနည်းပါးသည့် အကြောင်းကို မရင်းကုန်းကျေးရွာရှိ ဖရဲစိုက်ပျိုးရောင်းချသူ မမြနှင်းရီက ''မနှစ်က ဒီအချိန်ဆို ဖရဲသီးရောင်းတဲ့ ဆိုင်တွေ အများကြီးပဲ၊ ဒီနှစ်တော့ ရွာက တောင်သူ ငါးဆယ်လောက်ပဲ စိုက်တယ်။ ဒါကြောင့် ရောင်းတဲ့ဆိုင်တွေ နည်းသွားတယ်၊ ရောင်းကောင်းတဲ့နေ့ဆို ငွေတစ်သိန်းကျော်ဖိုး လောက်အထိ ရောင်းရတယ်၊ အထွက်နှုန်းကတော့ မနှစ်ကထက် နည်းနည်းလေး ပိုထွက်တယ်''ဟု ပြောကြားခဲ့ပါတယ်။ 

Source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။