လက်ရှိမြန်မာ့လက်ဝှေ့ချန်ပီယံကြီး ဒေ့ဗ်(Dave Leduc) ကတော့ မြန့်မာ့နှစ်သစ်မှာ ပျော်ရွှင်နေတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာတွေကို စိတ်ဝင်တစားလေ့လာနေပြီး မြန်မာဘာသာစကားနှင့် ဗုဒ္ဓဘာသာကို အလေးနက်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာ့နှစ်သစ်ရဲ့ သင်္ကြန်ပွဲတော်မှာ မြန်မာ့လက်ဝှေ့ချန်ပီယံကြီး ဒေ့ဗ်(Dave Leduc)ကတော့ ပါဝင်ဆင်နွှဲနေတာတွေ့ရပါတယ်။ ဒေ့ဗ်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် နှစ်သစ်ကိုကြိုဆိုနေပြီး မြန်မာတွေနဲ့အတူ သင်္ကြန်ပွဲဆင်နွှဲနေတာပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ကိုယုံကြည်ကိုးကွယ်နေတဲ့ ဒေ့ဗ်ရဲ့ အမှတ်တရဓာတ်ပုံလေးတွေက ပရိသတ်အချို့ကို အံ့သြမင်သတ်စေခဲ့ပါတယ်။ မကြာမီထိုးသတ်မယ့် ပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေရှိနေကြောင်းသိရပါတယ်။ ပရိသတ်ကြီးအတွက် ဒေ့ဗ်ရဲ့ဓာတ်ပုံအချို့နဲ့ မျှဝေလိုက်ပေးလိုက်တယ်နော်။

source - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။