ဆွာဇီလန်နိုင်ငံရဲ့ တတိယမြောက်ဘုရင် Mswati ဟာ မမျှော်လင့်ထားတဲ့ အရာလေးတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ Mswati ပြုလုပ်ခဲ့တဲ့အရာလေးကတော့ တိုင်းသူပြည်သားတွေမျှော်လင့်မထားတဲ့အချိန်မှာ တိုင်းပြည်ရဲ့ နာမည်ကိုပြောင်းလဲပစ်ခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံရဲ့လွတ်လပ်ရေးနှစ်ငါးဆယ်ပြည့် အခမ်းအနားအပြင် သူ့ရဲ့ အသက်ငါးဆယ်ပြည့်မွေးနေ့လည်းဖြစ်တဲ့ အခမ်းအနားမှာ တိုင်းပြည်ရဲ့နာမည်ကို အက်ဆွာတီးနီလို့ ပြောင်းလဲခေါ်ဆိုဖို့ကြေငြာခဲ့တာဖြစ်ပါတယ်။ အက်ဆွာတီးနီ ကတော့ ဆွာဇီတို့ရဲ့ မြေလို့အဓိပ္ပါယ်ရတယ်လို့သိရပါတယ်။

ဆွာဇီလန်ုဘုရင်ကတော့ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ တယောက်တည်းသော လက်ကျန် ဘုရင်တစ်ပါးဖြစ်ပြီး ၁၉၈၆ ခုနှစ်ကည်းက အာဏာကိုရယူထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သို့ပေမယ့် တိုင်းပြည်အတွင်းမှာတော့ ဖိနှိပ်မှုတွေ ၊ အမျိုးသမီးတွေကိုခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့လဲသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။