မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက်အသင်းဟာ အက်သလက်တီကိုအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ပွဲစဉ် ၃၃ ပွဲအပြီးမှာ ရမှတ် ၇၁ မှတ်ရရှိထားတာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၂ မှတ်ထိ ကွာဟနေတာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းကတော့ ရမှတ် ၄၃ မှတ်ရရှိထားပြီး အဆင့် ၁၁ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဆိုစီဒက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျာနူဇတ်၊ ဝီလီယံဂျို့စ်၊ အိုရာဇာဘယ်၊ ပါဒို၊ အီလာရာမန်ဒီ၊ ကာနာလက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါမဲရိုး၊ ဂရဇ်စမန်း၊ ကိုကီ၊ သောမက်၊ ဆောလ်၊ ကော်ရီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းဟာ အိမ်ကွင်းမှာ ပုံစံကောင်းပြသခဲ့ကာ အက်သလက်တီကိုအသင်းအပေါ် အသာစီးကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုစီဒက်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၇ မိနစ်မှာ ဝီလီယံဂျို့စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မိနစ် ၈၀ မှာ ဂျူအမ်မီ က ဆိုစီဒက်အသင်းအတွက် ဒုတိယအနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး သုံးဂိုးမြောက်ဂိုးကိုလည်း ဂျူအမ်မီက နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။