ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ မျက်စိနဲ့ ပတ်သက်တဲ့ ပြသနာတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အနုဆုံး အစိတ်အပိုင်းကလည်း မျက်စိပါပဲ။ ဒါ့ကြောင့် မျက်စိနဲ့ ပတ်သက်လာလျှင် ပေ့ါပေ့ါဆဆ မနေမိဖို့ တိုက်တွန်းချင်ပါတယ်။

မျက်စိနီမြန်းခြင်းရဲ့ အဓိက အကြောင်းကတော့ မျက်သားဖြူဖြူပေါ်မှာ သွေးကြောလေးတွေ ရောင်ရမ်းခြင်း၊ ဖြတ်သန်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်တာမျိုး၊ မျက်စဉ်းခပ်တာမျိုး လုပ်ပေးရပါမယ်။ ဓာတ်မတည့်တာကြောင့်လည်း မျက်စိနီမြန်းတာမျိုး ဖြစ်တတ်ပါတယ်။ မျက်စိယားလာခြင်း၊ မျက်ဝတ်များ ထွက်ခြင်း၊ မျက်ရည်ပူများကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ မျက်စိနာပြီဆိုတာနဲ့ ဖျားနာခြင်း၊ နှာစေးခြင်းတွေလည်း တစ်ဆက်တည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။

မျက်သားခြောက်ခန်းလာတာကတော့ ကွန်ပြူတာ၊ ဖုန်း၊ တီဗီတွေ အကြာကြီး အသုံးပြုခြင်း၊ အဲကွန်းခန်းမှာ အကြာကြီး နေခြင်း စတဲ့ အနေအထိုင်တွေကြောင့် မျက်သားခြောက်ခန်းခြင်းမျိုး ဖြစ်ရတတ်ပါတယ်။ မျက်ခမ်းလှုပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ကော်ဖီ အသောက်များခြင်း၊ အိပ်ရေးပျက်များခြင်း၊ အဟာရ လျော့နည်းခြင်း စတာတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့ကြောင့် မျက်လုံးကို အရမ်း အားစိုက်ပြီး အလုပ် လုပ်ရတဲ့အခါ မိနစ် ၂၀ လောက် နေရင် ခဏ အနားပေးခြင်း၊ နေပူထဲသွားလျှင် မျက်မှန်တပ်ခြင်း၊ ထီးဆောင်းခြင်း စတဲ့ အကာအကွယ်တွေ ယူသင့်ပါတယ်။ မျက်စိ နီမြန်းခြင်းကို တစ်ရက်မှစ တစ်ပတ်၊ ၁၀ ရက်အထိ ခံစားရနိုင်ပါတယ်။ ဘယ်လောက်ကြာကြာ ခံစားရပါစေ မပေါ့ဆဖို့ ဆရာဝန်နှင့် တိုင်ပင်ပြသဖို့ အကြံပေးချင်ပါတယ်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။