နွေရာသီမှာ မိတ်ကပ်ပြင်ဆင်ချယ်သဖို့ အတွက်ကတော့ ပေါ့ပေါ့ပါးပါးပဲ လိမ်းချယ်သင့်ပါတယ်။ မိန်းကလေးတွေ အနေနဲ့က Cosmetic ထက်စာရင် Skin Care ကို ပိုပြီး ဂရုတစိုက် သုံးသင့်ပါတယ်။ မိတ်ကပ်ကွက်တယ်ဆိုတာက နွေရာသီမှာ အများဆုံးဖြစ်တတ်ပါတယ်။ မိတ်ကပ် မကွက်အောင် အဆီနည်းတဲ့ မိတ်ကပ်တွေကို သုံးသင့်ပါတယ်။ နွေရာသီမှာ/ ရာသီဥတု ပူပြင်းတဲ့ အချိန်မျိုးမှာ မိတ်ကပ်အောက်မှာ ခံတဲ့ Skin Care ကိုလည်း လျှော့ပြီး သုံးသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး ပေါင်ဒါ သုံးမဲ့အစား မျက်နှာ အသားအရေကို သိုသိပ်စေမဲ့ TwoWay Cake လို ပုံစံမျိုးကို သုံးသင့်ပါတယ်။ မိတ်ကပ်ပါးပါးလေးလိမ်း၊ Mascara သုံးပြီး နှုတ်ခမ်းနီဆိုးရုံနဲ့တင် သင့်တော်ပါတယ်။ 

မိုးတွင်းမှာဆိုရင်တော့ မိတ်ကပ်ကို Water Proof ဖြစ်တာမျိုးကိုပဲ လိမ်းပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီးနောက်မှာလည်း eye liner, mascara, two way စတာတွေကိုလည်း Water Proof ပဲ ရွေးချယ် သုံးပေးသင့်ပါတယ်။ မိုးရေစိုတဲ့အခါ ရုပ်ပျက်ဆင်းပျက် အလှပျက်သွားမဲ့အစား အစကတည်းက ရွေးချယ်အသုံးပြုသင့်ပါတယ်။ တစ်ခု သတိထားရမှာတော့ မိုးတွင်းမှာက တခြား အချိန်တွေထက် ပိုပြီး မျက်နှာ cleansing လုပ်ပေးရပါတယ်။ Water Proof ဖြစ်တာကြောင့် သေချာ ဂရုတစိုက် မျက်နှာကို စင်ကြယ်ပေးသင့်ပါတယ်။ ရေစိုခံ ထုတ်ကုန်အများစုက မျက်နှာပေါ်မှာ တင်လိုက်ရင် ဖျက်ရခက်တာမို့ သေသေချာချာ လုံး၀ စင်ကြယ်တဲ့အထိ ဖျက်သင့်ပါတယ်။ Eye Liner ဖျက်တဲ့အခါ မျက်လုံးနားတဝိုက် မဲပြီး ကျန်နေခဲ့တာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် ကြာလာတဲ့အခါ မျက်ကွင်းညိုခြင်းကို ခံစားရပါလိမ့်မယ်။  

ဆောင်းရာသီနဲ့ အေးတဲ့ အချိန်တွေမှာ ဆိုရင်တော့ မိတ်ကပ်ထူထူ လိမ်းတာ၊ Eye Shadow အရောင် ရင့်ရင့်တွေ သုံးတာ ကိစ္စ မရှိပါဘူး။ ဒီလို ချယ်သပြင်ဆင်လိုက်ပြီဆိုရင်တော့ နှုတ်ခမ်းနီကို Nude အရောင်လေးဆိုးဖို့ မမေ့ပါနဲ့နော်။ တခြား အရောင်ဆိုးလိုက်တာထက် ဒီအရောင်လေးက သင့်ပြင်ဆင်မှုအတွက် ပိုပြီး လိုက်ဖက်ပါလိမ့်မယ်။ အသားပတ်တတ်တဲ့ အချိန်ဆိုတော့ Moisture ပါတာတွေကို များများ သုံးပေးပါ။ Lotion နဲ့ နို့ရည်တွေကိုလည်း သုံးဖို့ လုံး၀ မမေ့ပါနဲ့။ ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှုနဲ့ အသားပတ်တာကို ဂရုစိုက်ရတာက လွဲပြီး ကျန်တဲ့ ပြင်ဆင်ချယ်သမှုက လွတ်လပ်လွန်းတာကြောင့် မိန်းကလေး အများစုက ဆောင်းရာသီကို ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။

အားလုံးပဲ လှပချောမောသော အမျိုးသမီးကောင်းလေးများ ဖြစ်ကြပါစေရှင် …. ။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။