သန္ဓေတားနည်း အမျိုးမျိုး ရှိပါတယ်။ ကွန်ဒုံးသုံးခြင်း၊ လိင်ဆက်ဆံမှု ရှောင်ရှားခြင်း၊ တားဆေးသောက်ခြင်း၊ ထိုးဆေးသောက်ခြင်း၊ အရေပြားထဲသို့ တားဆေးထည့်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။ ကလေးယူဆို့ ဆန္ဒ မရှိဘူးဆိုရင်တော့ သန္ဓေတားခြင်းကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ ဒီလို ပြုလုပ်ဖို့အတွက်လည်း မှန်ကန်သော သန္ဓေတားနည်း သိထားနိုင်ရန်အတွက် ဖော်ပြလိုက်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ မိမိနဲ့ ဘယ်လိုနည်းလမ်းက အကိုက်ညီဆုံးဖြစ်မလဲ ဆိုတာကို စဉ်းစားပါ။ ပြီးလျှင် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပါ။ ရောဂါခံ တစ်ခုခု ရှိနေတာ သော်လည်းကောင်း မေ့တတ်တာမျိုးသော်လည်းကောင်း ဆေးကဒ် မသုံးသင့်ပါဘူး။ တခြားနည်း တစ်ခုခုကို ပြောင်းသုံး သင့်ပါတယ်။

ကွန်ဒုံးသုံးခြင်းဖြစ်စေ၊ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်၍ ဖြစ်စေ သန္ဓေတားနိုင်ပါတယ်။ အရေပြားထဲကို တားဆေးထည့်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ သို့သော်သန္ဓေတားနည်း တစ်ခုမှ တစ်ခုသို့ ကူးစက်တဲ့ အခါမှာတော့ သတိထားဖို့ လိုပါတယ်။ တစ်ချို့သော အမျိုးသမီးတွေက အရေပြားထဲကို တားဆေးထည့်တဲ့ အခါ ရာသီသွေး (ဓမ္မတာ) က နည်းနည်းချင်းစီ ဆင်းခြင်း၊ လနဲ့ ချီပြီး ရာသီသွေး ဆင်းခြင်း တို့ ဖြစ်တတ်ကြပါတယ်။ ဒီလို အချိန်မျိုးတွေမှာ မိမိ ပြသခဲ့သော ဆရာဝန်နှင့် မဖြစ်မနေ ပြန်လည် ပြသ တိုင်ပင်သင့်ပါတယ်။

သန္ဓေတားနည်းလို့ ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။ မိမိ စိတ်တိုင်းကျ သန္ဓေတားခြင်းကို မပြုလုပ်သင့်ပါဘူး။ ဆရာဝန်နှင့် တိုင်ပင်တဲ့အခါမှာလည်း လက်ရှိ မိမိမှာ ခံစားနေရသော ရောဂါ အမျိုးအစား၊ ဘယ်လို တားဆေးကို အသုံးပြုခဲ့ခြင်း၊ စွဲစွဲမြဲမြဲ သောက်သုံးနေသော ဆေး၊ လူနေမှု ပုံစံ၊ အလုပ်အကိုင်၊ ဘယ်လို တားဆေးကို အသုံးပြုရမလဲ … စသည်ဖြင့် တိကျသေချာစွာ တိုင်ပင်သင့်ပါတယ်။

သတင်းအရင်းအမြစ် - ကျန်းမာရေး ဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။