အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးဟာ ရာသီကုန်ရင် နည်းပြရာထူးကနေ နူတ်ထွက်တော့မယ်လို့ တရားဝင်ဖွင့်ဟခဲ့ပြီလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမယ့် ရာထူးကနေနူတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်သားဟာ အာဆင်နယ်အသင်းမှာ ၂၂ နှစ် နီးပါး နည်းပြတာဝန်ကိုထမ်းဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ နေရာကို မျော်လင့်ချက်မရှိတော့ပေမယ့် အာဆင်နယ်အသင်းဟာ လက်ရှိမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ကို တတ်ရောက်ခွင့်ရရှိထားတာကြောင့် အလှည့်အပြောင်းတွေဖြစ်လာနိုင်ဖို့ မျော်လင့်ချက်ရှိနေသေးတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြအတွက် လက်ရှိမှာ ရေပန်းစားနေတဲ့ နည်းပြကတော့ အန်ဆယ်လော့တီပဲ ဖြစ်ပါတယ်။ဒါ့အပြင် တူချယ်၊ ဗီအဲရာ၊ အယ်လီဂရီ၊ ဘရန်ဒန်ရော်ဂျာ၊ အာတီတာ တို့ကလည်း အာဆင်နယ်အသင်းနည်းပြနေရာတွက် လျာထားခြင်းခံထားရတာလည်းဖြစ်ပါတယ်။

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။