မကြာသေးမီက ပြည်တွင်းတွင်လေပြင်းတိုက်မှုကြောင့် ထိခိုက်ပျတ်ဆီးမှုများခဲ့ကြောင်း သိရပါတယ်။ အဆိုပါထိခိုက်မှုများထဲမှ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့လည် ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် လေဘေးသင့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွ့ဲ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်တို့မှဧပြီလ ၁၈ ရက်နေ့တွင်လေဘေးသင့်၍ ပြိုလဲအိမ် (၈) လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုလဲအိမ်(၈)လုံးကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ တစ်အိမ်လျှင် ကျပ်သုံးသောင်းနူန်းဖြင့် အလှူငွေကျပ် (၂၄၀၀၀၀) ကိုပေးအပ်ခဲ့ပါတယ်။

၎င်းအပြင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှပြိုလဲနေအိမ် (၈) လုံးနှင့် အမိုးလန်လူနေအိမ် (၆၆) လုံးရှိ အိမ်ထောင်စု ဝင်များအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဘိုးထောက်ပံ့ငွေ (၃၇၂၄၆၀၀) ကို လေဘေးသင့် အိမ်ထောင်စု များအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ လေဘေးသင့်ထောက်ပံ့ငွေပေးအပ်ပွဲ အမှတ်တရဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။