ပြည်သူ့အသည်းကျော် ချစ်သုဝေတစ်ယောက် သင်္ကြန်ထပ်ကျတာလား ဟန်းနီးမွန်းများထပ်ထွက်တာလားမသိရလောက်အောင်ပါ။ ချစ်သုဝေတစ်ယောက်ဟာမကြာခင်မှာ ကျင်းပြုလုပ်မယ့် မကာအို က မြန်မာသင်္ကြန်ပွဲတော်ဖျော်ဖြေရေးအတွက် တရုတ်နိုင်ငံကိုရောက်ရှိနေပါတယ်။ 

ပန်းတွေကိုချစ်တတ်တဲ့ချစ်သုဝေတစ်ယောက် မကာအို က ပန်းအစစ်တွေနဲ့အလှစဉ်ထားတာလေးတစ်ခုကိုအမိအရမှတ်တမ်းတင်ခဲ့ပါတယ်။ ခေတ် နဲ့သစ်မပါတဲ့ ဒီခရီးစဉ် မှာ ဒယ်ဒီကြီးလင်းလင်းတစ်ယောက် ချစ်သုဝေနဲ့အတူတူလိုက်ပါလာတာကိုတွေ့ရပါတယ်။ ကလေးနှစ်ယောက်ကျန်ခဲ့တဲ့ အတွက်မေမေချစ်သုဝေတစ်ယောက်အားရဟန်မတူပါဘူး။ သည်းလေးတွေပါလာရင် သိပ်ပျော်ကြမှာ...နောက်နှစ်မေမေတို့တူတူသွားကြမယ်ကွာဆိုတဲ့စာလေးနဲ့သူမကိုယ်ပိုင် Facebook စာမျက်နှာကနေ မကာအို အမှတ်တရပုံလေးတွေက မျှဝေခဲ့တာဖြစ်ပါတယ်။

ကလေးနှစ်ယောက်မပါတဲ့ဒီခရီးစဉ်မှာ ချစ်သုဝေတစ်ယောက် ခင်ပွန်းဖြစ်သူနဲ့အတူညားကာစ ဟန်းနီးမွန်းထွက်ရသလို ပျော်ပျော်ရွှင်ရွှင်နဲ့ငယ်မူငယ်သွေး အလားတွေ့ရတာကြည်နူးစရာပါ။

လတ်တလောမှာချစ်သုဝေတစ်ယောက်မနက်ဖြန်၂၂.၄.၂၀၁၈မှာကျင်းပပြုလုပ်မယ့် မကာအို က မြန်မာသင်္ကြပွဲတော်အတွက် သီချင်းတွေတိုက်နေတယ်လို့သိရပါတယ်နော်။ ကြည်နူးနေကြတဲ့ ချစ်သုဝေနဲ့ လင်းလင်းအနုပညာမောင်နှံရဲ့ပုံလေးတွေကိုတခြားပရိသတတွေအတွက်မျှဝေပေးပါဦးနော်။

Source - Chit Thu Wai(Tone Tone Tone)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။