နာမည်ကျော် ဓါတ်ခဲ ရုပ်ရှင်ကားကိုကြည်ဖူးကြသူတိုင်း လှလှပပနဲ့ထုံလွန်းအလွန်းတဲ့ လှထုံ ဇာတ်ကောင်စရိုက်နဲ့ ဆုပန်ထွာကို အမှတ်ရမိကြမှာပါ။ ခေတ်စနစ်အပြောင်းအလဲမှာ မားမားဆုပန်ထွာ ဘဝနဲ့ သားသားလေးRoar Kyaw အတွက် မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ့ပေါ့။ပြောင်းလဲလာတဲ့ပညာရေးစနစ်မှာ သားသားလေးကို ပိုမိုထွန်းတောက်အောင်ပြုစုပျိူးထောင်ပေးဖို့ က မားမားဆုပန်ထွာ ရဲ့ အိမ်မက်ခရီးရှည်ပါ။ 

သားသားလေး Roar ကို ၆လအရွယ်ကတည်း ကကျောင်းစပြီးထားရမှာဖြစ်ပေမယ့် မိဘနှစ်ပါး ရဲ့မအားလပ်မှုတွေကြောင့် ကျောင်းထားနောက်ကျနေတဲ့အပေါ် စိတ်မကောင်းဖြစ်နေရသူကတော့ မားမားဆုပန်ထွာပေါ့။လူခွဲလည်းမရှိ ကိုယ်ကိုယ်တိုင်လုပ်ပေးမှသူ့အတွက်ရမှာမို့ မာမားကြိုးစားလုပ်ပေးပါပြီ။ ကလေးရဲ့ Left Brain, Right Brain တွေကိုထူးချွန်စွာမှတ်နိုင်အောင် သင်ပေးကြတာမို့ Roar Roar Kyaw အတွက်နောင်ရေးထိပါတွေးပြီး ကျေနပ်မိတာပါ လို့ သူမရဲ့ Facebook Account ကနေပရိသတ်တွေကိုမှျှဝေပေးခဲ့ပါတယ်။ 

ဒါတွေတင်မကသေးပါဘူး Roar Kyaw ကျရင်တော့ တော် တတ် ထူးချွန် ထက်မြက် အရာရာသိ အရာရာသဘောပေါက်လွယ် နားလည်လွယ်တဲ့ လူတော်လေးဖြစ်စေချင်မိတယ်တလို့ဆိုပြန်ပါတယ်။ဒီနေ့ သူ့ကိုသူ့ဆရာမက Active ဖြစ်တဲ့ Sticker လေးကျောင်းဆင်းတော့ကပ်ပေးလိုက်သေး...ဆိုပြီး ဆုပန်ထွာက မိခင်တစ်ယောက်ရဲ့အပျော်တွေကို သားသားလေးRoar နဲ့အတူရိုက်ထားတဲ့ကြည်နူးစရာပုံလေးတွေနဲ့အတူမျှဝေပေးခဲ့ပါတယ်။ဒါကလဲ ကလေးမေမေတိုင်းရှိမယ့်စိတ်ကလေးပါပဲ။ချစ်စရာသားအမိနှစ်ယောက်အတွက် မေတ္တာမှတ်ချက်လေးတွေရေးပေးကြပါဦးနော်။

Source - Su Pan Htwar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။