မကြာသေးခင်ကမှ ဒုတိယမြောက်သားလေးကို ရရှိပိုင်ဆိုင်လိုက်ပြီ ရာထူးတိုးသွားခဲ့တဲ့ တေးသံရှင်အာဇာနည် ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။သားလေး နှစ်ယောက်ကလည်း အရမ်းကိုချစ်ဖို့ကောင်းတာကြောင့်ပရိသတ်တွေရဲ့ အသဲကျော်လေးတွေဖြစ်လို့နေပါတယ်။ 

အာဇာနည်ရဲ့ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားလေးချစ်ချစ်တုန်ကလည်း ပရိသတ်တွေရဲ့ မျက်စိရှေ့မှာ တင်ရက်တစ်ရာမြောက်မွေးနေ့လေးကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ သားလေးရဲ့ ရက်တစ်ရာပြည့် မွေးနေ့လေးမှာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်နဲ့ ထူးခြားတဲ့ အလှူဒါနလေးတစ်ခုကိုပြုခွင့်ရ လိုက်ကြတယ်လို့ သိရပါတယ်။ဘာသာတရားကိုင်းရှိုင်းတဲ့ အာဇာနည်တို့ မိသားစုလေးကတော့ ချစ်ချစ်တုန် လေးရဲ့ ရက်တစ်ရာပြည့်မွေးနေ့ လေးမှာ မဟာသွံသာရ ရုပ်ရှင်ရှင်တော်မြတ်ကြီးအား အကြောင်း တိုက်ဆိုင် စွာပဲ အိမ်ကို ပင့်ဆောင်ပူဇော်ခွင် လှူဒါန်းခွင့်ရလိုက်တာပဲ ဖြစ်ပါတယ်။ 

အာဇာနည်ရဲ့ လူမှုကွန်ယက်မှာလည်း “မဟာသွံသာရ ရုပ်ရှင်ရှင်တော် မြတ်ကြီး ချစ်ချစ် လေး ရက် တစ်ရာ ပြည့်မွေးနေ့လေးမှာ အကြောင်းတိုက်ဆိုင်ပြီး အိမ်သို့ ပင့်ဆောင်ပူ ဇော်ခွင်ရ မွေးနေ့ အလှူလေး အတွက် ဝိုင်း ဝန်းကူညီပေးသော မိတ်ဆွေ များနှင့် ကြွရောက် ပေးသော မိတ်ဆွေများအားလုံးကို ကျေးဇူးအများကြီးတင်ပါ တယ်”ဆိုတဲ့ စာလေးတွေနဲ့ အတူလှူဒါန်းမှုပုံရိပ်လေးတွေကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးထား တာပဲဖြစ်ပါတယ်။ သားလေးရဲ့ ရက်တစ်ရာပြည့်မှာထူးထူးခြားခြားလေး အလှူပြုခွင့်ရလိုက်တဲ့အာဇာနည်တို့မိ သားစုအလှူလေးကိုလည်း ချစ်ပရိသတ်တွေက သာဓုခေါ်ဆိုလိုက်ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - အာဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။