အနုပညာပျိုးခင်းအစီစဉ်ကနေမင်းသမီး အသစ်တင်မြောက်ခြင်းခံလိုက်ရတဲ့ မင်းသမီးချောရွှေမှုန်ရတီကတော့ လက်ရှိအနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အနု ပညာပျိုးခင်းစီစဉ်သူမင်းသားချောတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်အချစ်တော် နေတိုးနဲ့လည်း အရမ်းကို ခင်မင်ရင်နှီးတဲ့ လက်ဖော်ကိုင်ဖက် အနုပညာညီကိုမောင်နှမတွေဖြစ်သလို ဆရာတပည့်တွေဆိုရင် လည်းမမှားပါဘူးနော်။ 

မကြာခဏဆိုသလို အနုပညာပိတ်ကားထက်မှာ တွဲဖက်သရုပ်ဆောင်တာတွေမြင်တွေ့ရပြီး ဒီနေ့မှာလည်း သူတို့ ဆရာတပည့်နှစ်ဦးရဲ့ ချစ်စရာပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကြားသဘောကျလို့ နေပါတယ်။ပုံရိပ်လေး တွေထဲမှာတော့ ဆရာတပည့်နှစ်ယောက်မျက်နှာပြောင်ပြီး ရိုက်ကူးထားတဲ့ ချစ်စရာဆယ်လ်ဖီပုံရိပ်လေးတွေ ဖြစ်ပြီး မြင်ရသူတိုင်းကို ပျော်ရွှင်ရသတွေ ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီလိုချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုတော့ ရွှေမှုန်ရတီရဲ့ လက်မှုကွန်ယက်မှာတင်ခဲ့တာဖြစ်ပြီး “ ဆရာတ ပည့် ၂ ယောက်မျက်နှာပြောင် သောအချိန်အလွန်အကြူး ပျော်ရွှင်”ဆိုတဲ့စာလေးနဲ့ အတူ ချစ်ပုံရိပ်လေးတွေမျှ ဝေထားတာပဲ ဖြစ်ပါတယ်။ကလေးလေးတွေလို လွတ်လွတ်ပျော်ရွှင်မှုတွေနဲ့ တအားချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေကတော့ ကောင်းသတင်းမှတ်ချက်လေးတွေ ဝင်ရေးနေကြပါတယ်။ ပုံရိပ်လေးတွေကို ကြည့်လိုက် တာနဲ့တင်ပရိသတ်တွေကို အပျော်တွေ ကူးစက်သွားစေမယ့် နေတိုးနဲ့ ရွှေမှုန်ရတီတို့ရဲ့ ချစ်စရာဆယ်ဖီပုံရိပ် လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရွှေမှုန်ရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။