နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ အဆိုတော်မင်းသားချောအလင်းရောင်ကတော့ လက် တလောမှာ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေစိတ်ဝင်စားမှုရရှိနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးကတော့ပရိသတ်တွေအာလုံးသိကြတဲ့အတိုင်းပရိသတ်တွေကြားမှာအရမ်းကိုအောင်မြင်ကျော် ကြားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အလင်းရောင်ရဲ့ထူးခြားတဲ့ အနုပညာတွေကိုချပြခွင့် ရရှိခဲ့တဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။  

လက်ရှိမှာလည်း နောက်ထပ်အနုပညာခြေလှမ်းအသစ်တွေနဲ့ ပရိသတ်တွေအတွက် ကြိုးစားနေပြီး ဧပြီလ (၂၁) ရက်နေ့မနေ့က သန်းခေါင်ယံအချိန်မှာတော့ညကြီးမိုးချုပ် ထူးထူးခြားခြားစပရိုက်အလုပ်ခံလိုက်ရတယ်လို့ သိ ရပါတယ်။စပရိုက်လုပ်ခံရတဲ့ အကြောင်းလေးကတော့ မွေးနေ့ရှင်အလင်းရောင်ရဲ့ မွေးနေ့ရက် မြတ်လေးမှာ ဦးဦးဖျားဖျား စပရိုက်လုပ်ခံလိုက်တာပဲ ဖြစ်ပါတယ်။ဒီနေ့ ဧပြီလ(၂၂)ရက်နေ့ကတော့ ပရိသတ်အချစ်တော် အလင်းရောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။  

အလင်းရောင်ရဲ့ (၂၆)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးကို အလင်းရောင်ရဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာညီကိုမောင်နှမတွေက အစောဆုံးမွေးနေ့ စပရိုက်ပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ညဘက်ကြီးသူ ငယ်ချင်းတွေနဲ့ကိတ်မုန့်တွေခွဲကြ မွေးနေ့သီချင်းလေးဆိုကြနဲ့ အလင်းရောင်အတွက်တော့ တကယ့်ကို ပျော်စ ရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ခဲ့ပါတယ်။ပရိသတ်တွေကလည်း ဒီနေ့ရဲ့ မွေးနေ့ရှင်လေးကို ဆုတောင်း စကားလေးဆိုလိုက်ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - အလင်းရောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။