ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ကတော့လက်ရှိမှာ ကိုးရီးယာနိုင်ငံကို ရောက်ရှိ နေပါတယ်။လွန်ခဲ့တဲ့ရက်တွေကလည်း ကိုးရီးယားရောက် ကိုးရီးယားမလေးတစ်ယောက်အဖြစ်နဲ့ပုံရိပ်လေးတွေ တက်လာခဲ့ပြီး ပရိသတ်တွေ သဘောကျမဆုံးဖြစ်ခဲ့ရပါတယ်။ 

ဒီနေ့မှာလည်းကိုးရီးယားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားရွှေမြန်မာတို့ကို သွားရောက်ဖျော် ဖြေခဲ့ပါတယ်။မြန်မာနှစ်ကူးကာလမှာ မြန်မာပြည်သားအားလုံးနှစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပ ခဲ့ကြရပေမယ့် တိုင်းတစ်ပါးရောက် မြန်မာပြည်သူတွေကတော့ မဟာသင်္ကြန်ပွဲတော်ကြီးနဲ့လွဲခဲ့ကြရပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီစဉ်တွေနဲ့ အတူအတာသင်္ကြန်ပွဲတော်ကြီးကို ဆင်နွဲ့ခဲ့ကြပုံရပါတယ်။  

အနုပညာရှင်၊ဂီတပညာရှင်တွေက ရွှေမြန်မာတို့ကို အလှည့်ကျဖျော်ဖြေခဲ့ကြပြီး စိုးပြည့်သဇင်ကလည်း သင်္ကြန် ယိမ်းအကအလှတို့နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆိုကခုန်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူ မှုကွန်ယက်ကနေ ချစ်ပရိသတ်တွေမျှဝေထားပါတယ်။ ပရိသတ်တွေဖျော်ဖြေရလို့ မမောနိုင်မပန်းနိုင်တဲ့အပြင် ပျော်ရွှင်မှုတွေနဲ့ ပျော်မဆုံးဖြစ်နေတဲ့ စိုးပြည့်သဇင်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေလိုက်ပါ တယ်နော်။

သတင်းအရင်းအမြစ် - စိုးပြည့်သဇင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။