မြန်မာနိုင်ငံ ထိပ်တန်းမင်းသမီးလေးယောက်ရဲ့ အမိုက်စားဖက်ရှင်၊ အက်ရှင်တွေနဲ့ ပရိသတ်တွေမြင်တွေ့ရခဲတဲ့ ဇာတ်ရုပ်မျိုးတွေကို ရိုက်ကူးပုံဖော်ထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်တလောပရိသတ် တွေကြားမှာအရမ်းကို ဟော့ဖြစ်နေပါတယ်။ပရိသတ်တွေရုံပြည့်ရုံလျှံအားပေးမှုတွေနဲ့ အောင်မြင်နေတဲ့ အဲ့ဒီ ဇာတ်ကားကြီးကိုတော့ အနုပညာရှင် မင်းသမီးချော ခိုင်သင်းကြည်တို့ မိသားစုကလည်း သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး ဒီဇာတ်ကားကြီးအပေါ် ချီးကျူးစကားဆိုလိုက်ပါတယ်။ 

မခိုင်လေးတို့မိသားစုကတော့ လက်ရှိမှာ ပြင်ဦးလွင်ကို ရောက်ရှိနေကြတာဖြစ်ပြီး Reflection ရုပ်ရှင်ဇာတ်ကား ကြီးကိုလည်းမိသားစုသုံးယောက် ပြင်ဦးလွင်ကရုပ်ရှင်ရုံမှာပဲ သွားရောက်ကြည့်ရှု့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ဇာတ် ကားကြီးချိန်မှာတော့ သူမရဲ့ လူမှုကွန်ယက်ကနေ ချီးကျူးစကားလေးတွေကို ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ “ဒါရိုက်တာရဲ့ရိုက်ချက်ဆန်းတွေ၊ အိုင်ဒီယာအမိုက်စားတွေနဲ့ပြီးခါနီးလေ ပိုကောင်းလာလေ မို့ ဇာတ်ကားကြည့်ချိန်တောင်မကြာလိုက် သလိုပါဘဲ”ဆိုတဲ့စာလေးနဲ့ အတူ အန်ကယ်လေးရယ်ရိုက်ချက်တွေ အိုင်ဒီယာတွေကို ချီးကျုးစကားဆိုလိုက်ပါတယ်။  

ဆက်လက်ပြီး “မခိုင်ကြီးရဲ့အိုက်တင်တွေကလဲသရုပ်ဆောင်နေတယ်လို့ မထင်ရအောင်ပေါ့ပါးပြီး အရမ်း ကောင်းဆိုပြီး မင်းသမီးချောထွန်းအိန္ဒြာဗိုလ် ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးစကားဆိုလိုက်ပါတယ်။ ကိုယ်သာအဲ့နေရာ မှာဆိုဟာသအိုက်တင်တွေဖြစ်နေမှာဆိုပြီလည်း အရွှန်းဖောက်လိုက်ပါသေးတယ်။ လေဒီအု၊ရွှေကစ်နဲ့ပတ်ထရစ်ရှာတို့ရဲ့ အလှအပတွေနဲ့ဒီဇိုင်းဆန်းတွေကလဲ ကြည့်မဝအရမ်းကြိုက်ပါ တယ်ဆိုတဲ့ စာလေးနဲ့လည်း Reflectionရုပ်ရှင်ဇာတ်ကားကြီးထဲက ပရိသတ်တွေကို လျိူ့ဝှက်သဲဖိုစေခဲ့ရတဲ့ ဇာတ်ကောင် မင်းသမီလေး ယောက်စလုံးရဲ့ မတူညီတဲ့ အနုပညာအစွမ်းတွေကို ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ ရော Reflectionရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ပြီးကြပြီလား။  

သတင်းအရင်းအမြစ် - ခိုင်သင်းကြည် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။